朱蕾

တရုတ်သည် အာဆီယံနိုင်ငံများအား နှာခေါင်းစည်း မီလီယံ၁၀၀နှင့် ဆေးရုံသုံးဗိုင်းရပ်စ် ကာကွယ်ရေးဝတ်စုံ ၁၀သန်းကို ပေးအပ်လိုကြောင်း လီခေ့ချန်ဆို

(GMT+08:00)2020-04-15 14:29:30  

ယခုလ၁၄ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ပီကင်းတွင် 10+3COVID-19ရောဂါ တိုက်ဖျက်ရေး ခေါင်းဆောင်များ အထူး အစည်းအဝေးသို့ တက်ရောက်ရာတွင် တရုတ်နိုင်ငံသည် ပြန်ဆပ်ရန် မလိုသည့် ကူညီထောက်ပံ့ရေး နည်းလမ်းနှင့် စီးပွားဖြစ် နည်းလမ်းများဖြင့် အာဆီယံနိုင်ငံများအား နှာခေါင်းစည်း မီလီယံ၁၀၀၊ ဆေးရုံသုံး ဗိုင်းရပ်စ် ကာကွယ်ရေးဝတ်စုံ ၁၀သန်းနှင့် အခြား အရေးပေါ် လိုအပ်သည့် ဆေးကုပစ္စည်းများကို ပေးအပ်လိုကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။