张晓宁

Pompeo၏ “နှုတ်အားဖြင့် ထောက်ခံမှု”၏နောက်ကွယ်တွင် နိုင်ငံရေး ကြံစည်ချက်ရှိ

(GMT+08:00)2020-04-12 14:36:17  

မကြာခင်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeoက အမေရိကန်သည် COVID-19ရောဂါ ခုခံကာကွယ်ရေး အတွက် တစ်ကမ္ဘာလုံးအား ကန်ဒေါ်လာ ၂၂၅သန်းတန်ဖိုးရှိသော ကူညီထောက်ပံ့မှုကို ပေးအပ်မည် ဖြစ်ကြောင်း ပြောကြားသည်။ ထို့အပြင် ၄င်းက မည်သည့်နိုင်ငံမှ အမေရိကန် ကဲ့သို့ ဒီလောက် ရက်ရောတာ မလုပ်နိုင်ကြောင်းလည်း ပြောကြားသည်။ သို့သော် Pompeo၏ ကူညီထောက်ပံ့မှု ကတိပြုချက်ကို အတည်ဖြစ်မလား အပေါ် လူအများ သံသယဖြစ်မှု ရှိကြကြောင်း China Media Groupက ဖော်ပြသည်။

图片默认标题_fororder_蓬佩奥

ဖေဖော်ဝါရီလ လဆန်းက Pompeoက အမေရိကန် အစိုးရသည် COVID-19ရောဂါ ခုခံကာကွယ်ရေး အတွက် တရုတ်ပြည်အား ကန်ဒေါ်လာ သန်း၁၀၀ တန်ဖိုးရှိသော ထောက်ပံ့မှုကို ပေးအပ်မည်ဟု ဖော်ပြကြောင်း၊ မတ်လ တတိယ ဆယ်ရက်ပိုင်းက ၄င်းက အမေရိကန်သည် အခြားနိုင်ငံများအား ကန်ဒေါ်လာ ၂၇၄သန်း တန်ဖိုးရှိသော ကူညီထောက်ပံ့မှုများကို ပေးအပ်မည်ဟု ထပ်မံကြေညာကြောင်း၊ သို့သော် မကြာခင်က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက မိမိတို့သည် အမေရိကန်မှ ၁ဒေါ်လာမှ မရရှိခဲ့ဟု ပြောကြားကြောင်း China Media Groupက ဖော်ပြသည်။

Pompeoအပါအဝင် ပုဂ္ဂိုလ်အချို့၏“နှုတ်အားဖြင့် ထောက်ခံမှု”သည် ၄င်းတို့ အရေးထား အာရုံစိုက်ကြသည့် ကိစ္စမှာ ရောဂါ ကူးစက်ပြန့်ပွားမှု ခုခံထိန်းချုပ်ရေး မဟုတ်ဘဲ တစ်ကမ္ဘာလုံးတွင် အမေရိကန်၏ ဗိုလ်ကျစိုးမိုးမှု ဆုံးရှုံးနိုင်မည် အပေါ် စိုးရိမ်နေခြင်း ဖြစ်သည်ကို ပြဆိုနေကြောင်း China Media Groupက ဖော်ပြသည်။

လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း COVID-19ရောဂါ ခုခံကာကွယ်ရေး အတွက် စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ စိတ်ရင်းစေတနာနှင့် အပြန်အလှန် ကူညီထောက်ခံမှုများ လိုအပ်ကြောင်း၊ နိုင်ငံရေး ကြံစည်မှုနှင့် သွေးထိုးကုန်းချောမှုများကို ရပ်စဲသင့်ကြောင်း China Media Groupက ဖော်ပြသည်။