李悦

ရှီကျင့်ဖိန်သည် ကန်သမ္မတ ထရန့်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်

(GMT+08:00)2020-03-28 16:11:36  

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၂၇ရက်နေ့က ချိန်းထားချက်အတိုင်း အမေရိကန် သမ္မတထရန့်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ထိုသို့ဆက်သွယ်ရာတွင် ရှီကျင့်ဖိန်သည် COVID-19 ကူးစက်ရောဂါ ခုခံထိန်းချုပ်ရန် တရုတ်နိုင်ငံ၏ ဆောင်ရွက်ချက်များကို အသေးစိတ် မိတ်ဆက်ခဲ့ပါသည်။

ထရန့်က ၂၆ရက်နေ့က ဂျီ-၂၀ ထိပ်သီးခေါင်းဆောင်များ အထူးအစည်းအဝေးတွင် အဆွေတော်ဥက္ကဋ္ဌ၏ မိန့်ခွန်းကို မိမိသည် သေသေချာချာ နာကြားခဲ့ပြီး နိုင်ငံအသီးသီးမှ ခေါင်းဆောင်များနှင့်အတူ အဆွေတော်၏ အမြင်သဘောနှင့် အဆိုပြုချက်ကို ချီးကျူးကြကြောင်း ပြောကြားခဲ့ပါသည်။