李悦

ကမ္ဘာတစ်ဝန်းတွင် COVID-19 ရောဂါကူးစက်ခံရသူဦးရေ ၄ သိန်း ၆ သောင်း ၅၉၁၅ ဦး ရှိပြီဟု WHOဆို

(GMT+08:00)2020-03-28 16:13:14  

ဒေသစံတော်ချိန် ၂၆ ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID-19 ရောဂါ ပြန့်ပွားမှု အခြေအနေဆိုင်ရာ နေ့စဉ်အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါသည်။ ယင်းအစီရင်ခံစာတွင် ဥရောပတိုက်အလယ်ပိုင်း ဒေသစံတော်ချိန် ၂၆ ရက်နေ့ နံနက် ၁၀ နာရီအထိ ကမ္ဘာ တစ်ဝန်းတွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၄ သောင်း ၉၂၁၉ဦးကို အသစ်တွေ့ရှိပြီး သေဆုံးသူဦးရေမှာ ၂၄၀၁ဦး တိုးလာကြောင်း၊ COVID-19 ကူးစက်ရောဂါ အဆိုးရွားဆုံး ပြန့်ပွားနေ့သည့် ဥရောပတိုက်တွင် ရောဂါကူးစက်ခံရသူ စုစုပေါင်း ဦးရေမှာ ၂ သိန်း ၅ သောင်း၂၈၇ဦးရှိပြီး သေဆုံးသူ စုစုပေါင်း ဦးရေမှာ ၁ သောင်း ၃၉၅၀ ဦးရှိပြီဖြစ်ကြောင်း ရေးသားဖော်ပြသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။