李悦

တရုတ်အဆိုပြုချက်သည် ကမ္ဘာတစ်ဝန်း COVID-19ရောဂါ လက်တွဲခုခံထိန်းချုပ်ရေး အတွက် ယုံကြည်မှုနှင့် တွန်းအားပေးမှုကို ဖော်ဆောင်ပေး

(GMT+08:00)2020-03-28 16:10:00  

ယခုလ ၂၆ရက်နေ့က COVID-19ရောဂါ ရင်ဆိုင်ဖြေရှင်းရေး G20အထူး ထိပ်သီးအစည်းအဝေးတွင် တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တရုတ်ပြည်၏ COVID-19ရောဂါ ခုခံထိန်းချုပ်ရေးတွင် ရရှိခဲ့သော အတွေ့အကြုံနှင့် အကျိုး သက်ရောက်မှုများကို မိတ်ဆက်ပေးပြီး ကမ္ဘာတစ်ဝန်း COVID-19ရောဂါ ခုခံထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ပြုလုပ်ခြင်းနှင့် ကမ္ဘာ့ စီးပွားရေး တည်ငြိမ်စေခြင်းကို ရည်ရွယ်ကာ အဆိုပြုချက် ၄ခုကို တင်ပြခဲ့ကြောင်း၊ ယင်းအဆိုပြုချက် ၄ခုတွင် ကမ္ဘာတစ်ဝန်း COVID-19ရောဂါ ခုခံထိန်းချုပ်ရေး စစ်ပွဲကို ခိုင်မာပြတ်သားစွာ အနိုင်တိုက်ခိုက်ရန်၊ ရောဂါ ပူးတွဲခုခံထိန်းချုပ်ရေးကို ထိရောက်စွာ ဆောင်ရွက်ရန်၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ ပါဝင်ဆောင်ရွက်ခြင်းကို တက်ကြွစွာ အားပေးထောက်ခံရန်နှင့် နိုင်ငံတကာ မက္ကရို စီးပွားရေး မူဝါဒများ ညီညွတ်စေရေးကို အားဖြည့် ဆောင်ရွက်ရန် ပါဝင်ကြောင်း China Media Groupမှ သတင်းအရ သိရသည်။

COVID-19ရောဂါသည် ကမ္ဘာတစ်ဝန်း စီးပွားရေး အပေါ် တစ်နေ့တခြား ဆိုးရွားလာသော ထိခိုက်မှုကို ဆောင်ကြဉ်းလာနေကြောင်း၊ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ ဥက္ကဋ္ဌ Kristalina Georgievaက ယခုနှစ်တွင် ကမ္ဘာတစ်ဝန်း စီးပွားရေး တိုးတက်နှုန်း အနုတ်လက္ခဏာ ဖြစ်မည် ဖြစ်ပြီး စီးပွားရေး ဆုတ်ယုတ်ခြင်းသည် ၂၀၀၈ခုနှစ် ငွေကြေး အကျပ်အတည်း ဖြစ်ပွားခဲ့သည့် အချိန်ကထက်တောင် ပိုမိုဆိုးရွားသွားမည် ဖြစ်ကြောင်း သတိပေး ပြောကြားခဲ့သည်။

ယင်းနှင့် ပတ်သက်၍ ယခုအကြိမ် အထူး ထိပ်သီးအစည်းအဝေးတွင် ရှီကျင့်ဖိန်က တရုတ်ပြည် အနေနှင့် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုကို ဦးလည်မသုန် တိုးချဲ့ ဆောင်ရွက်ပြီး တရုတ် ဈေးကွက်သို့ ဝင်ရောက်ရန် သတ်မှတ်ထားသည့် သက် ဆိုင်ရာစံနှုန်းများကို လျှော့ပေါ့ပေးကာ စီးပွားကုန်သွယ်ရေး လုပ်ကိုင်ဆောင်ရွက်မှု ပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်အောင် ဆက်တိုက် ပြုလုပ်၍ သွင်းကုန်ကို တက်ကြွစွာ တိုးချဲ့ပြီး အခြားနိုင်ငံများတွင် တရုတ်ပြည်၏ ရင်းနှီးမြှုပ်နှံမှုကို တိုးချဲ့မည်ဟုလည်း ဖော်ပြကြောင်း၊ ယင်းသည် ကမ္ဘာတစ်ဝန်း စီးပွားရေး တည်ငြိမ်စေရန် အတွက် တရုတ်ပြည်၏ အရေးကြီး ကတိပြုချက် ဖြစ်ပြီး နိုင်ငံကြီး တစ်နိုင်ငံ၏ တာဝန်သိမှု သဘောထား ဖော်ပြခြင်းလည်း ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။

ဗြိတိန်နိုင်ငံ The 48 Group Club ဥက္ကဋ္ဌ Stephen Perryက တရုတ်ပြည်သည် လက်တွေ့ဆောင်ရွက်မှုများဖြင့် လူသားကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရေး၏ အရေးကြီးပုံကို ဖွင့်ဆိုနေကြောင်း၊ ယင်းသို့ ပူးပေါင်းဆောင်ရွက်မှုနှင့် တံခါးဖွင့်မှု သဘောထား ရပ်တည်ချက်သည် အနာဂတ်တွင် ကမ္ဘာတစ်ဝန်း ပြဿနာ ရင်ဆိုင်ရေး၌ နိုင်ငံ အသီးသီးတို့ စွဲကိုင်သင့်သည့် သဘောထားရပ်တည်ချက်လည်း ဖြစ်ကြောင်း ပြောကြားသည်။