李悦

COVID-19 ကူးစက်ရောဂါပြန့်ပွားမှုအခြေအနေ ၁၂လ သို့မဟုတ် ၁၈လကြာ တည်ရှိနိုင်မည်

(GMT+08:00)2020-03-28 16:10:15  

ဒေသစံတော်ချိန် ၂၆ ရက်နေ့က Harvard ကမ္ဘာ့ကျန်းမာရေးဆိုင်ရာသုတေသနဌာန ဥက္ကဋ္ဌ ဒေါက်တာ အာရှီရှ်ဂျဟာ က COVID-19 ကူးစက်ရောဂါပြန့်ပွားမှုအခြေအနေသည် ၁ နှစ်ကျော်ကြာ တည်ရှိနိုင်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ဂျဟာက ၂၆ ရက်နေ့က Facebook live Q&A ကျင်းပစဉ်တွင် COVID-19 ကူးစက်ရောဂါသည် သီတင်းပတ် ၂ ပတ်၊ ၄ ပတ် စသည့် တိုတောင်းသော အချိန်ကာလ၌ ပျောက်ကင်းသွားမည် မဟုတ်ကြောင်း၊ ကံကောင်းလျှင် မိမိတို့သည် ပုံစံသစ်တစ်မျိုးဖြင့် ကိုရိုနာဗိုင်းရပ်စ်နှင့် ၁၂ လ သို့မဟုတ် ၁၈ လကြာ အ​တူ​ယှဉ်​တွဲ တည်​ရှိ​နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။