李悦

ဂျ ၂၀ အထူးထိပ်သီးများအစည်းအဝေးတွင် ရရှိခဲ့သော အောင်မြင်မှုရလဒ်ကို အကောင်အထည်ဖော်ဆောင်ရန် တရုတ်ပြည်သည် နိုင်ငံတကာမိသားစုကြီးနှင့် လက်တွဲကြိုးပမ်းမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2020-03-28 16:11:51  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူကင်ရွှမ်က ယမန်နေ့ ၂၇ ရက်နေ့က ပီကင်းတွင် ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ COVID-19ရောဂါဆိုရာ ဂျ ၂၀ ထိပ်သီးများ အထူးအစည်းအဝေးကို ၂၆ရက်နေ့က အောင်မြင်စွာ ကျင်းပပြီးနောက် ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ရာ ဂျ ၂၀ အဖွဲ့ဝင်များသည် စည်းလုံးညီညွှတ်ပြီး COVID-19 ရောဂါ အတူရင်ဆိုင်တိုက်ဖျက်ကာ ကမ္ဘာ့စီးပွားရေးတည်ငြိမ်မှုကို ထိန်းသိမ်း စောင့်ရှောက်ကြမည်ဟု ဖော်ပြကြောင်း၊ တရုတ်ပြည်အနေနှင့် ယခုအကြိမ် အထူး အစည်းအဝေးတွင် ရရှိခဲ့သော အောင်မြင်မှုရလဒ်များကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရန်အတွက် နိုင်ငံတကာမိသားစုကြီးနှင့် လက်တွဲကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။