李悦

COVID-19ရောဂါ ခုခံထိန်းချုပ်ရန် တရုတ်နှင့် အမေရိကန်တို့ လက်တွဲကြိုးပမ်းသင့်

(GMT+08:00)2020-03-28 16:09:41  

ယခုလ ၂၇ရက်နေ့က တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ချိန်းထားသည့် အတိုင်း အမေရိကန် သမ္မတ ထရန့်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ရာတွင် လက်ရှိ အခြေအနေမျိုး၌ COVID-19ရောဂါ ခုခံထိန်းချုပ်ရေး အတွက် တရုတ်နှင့် အမေရိကန်တို့ သည် စည်းလုံးညီညွတ်ပြီး လက်တွဲကြိုးပမ်းသင့်သည်ဟု ပြောကြားကြောင်း၊ ယင်းသည် တစ်ရက်အတွင်း တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ အနေနှင့် COVID-19ရောဂါ အခြေအနေနှင့် ပတ်သက်၍ ဒုတိယ အကြိမ် ဆွေးနွေးခြင်း ဖြစ်ကြာင်း၊ ရှီကျင့်ဖိန်နှင့် ထရန့်၏ ယခုအကြိမ် တယ်လီဖုန်းဖြင့် ဆက်သွယ်ခြင်းသည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်ရန် ၂၆ရက်နေ့က G20အထူးထိပ်သီး အစည်းအဝေးမှ ပန်ကြားချက် အပေါ် တက်ကြွစွာ တုံ့ပြန်မှုလည်း ဖြစ်ကြောင်း China Media Groupမှ သတင်းအရ သိရသည်။

ထိုသို့တယ်လီဖုန်းဖြင့် ဆက်သွယ်ရာတွင် ရှီကျင့်ဖိန်သည် ရောဂါ ခုခံထိန်းချုပ်ရေး၌ တရုတ်ပြည် တစ်လျှောက်လုံး စွဲကိုင်ထားသည့် ပွင့်လင်းမှုနှင့် တာဝန်သိမှု ရှိသော အခြေခံမူများကို ရှင်းလင်းဖော်ပြပြီး ဘက်အသီးသီးတို့ အနေနှင့် ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်ကာ G20အထူး ထိပ်သီးအစည်းအဝေးတွင် ရရှိခဲ့သော အောင်ကျိုးရလဒ်များကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရန် မျှော်လင့်

ကြောင်း၊ ကမ္ဘာတစ်ဝန်း အကြီးဆုံး စီးပွားရေး အုပ်စု နှစ်ခုဖြစ်သည့် တရုတ်နှင့် အမေရိကန်တို့ အနေနှင့် ရှေ့ဆောင်ဦးစီးပြီး စံနမူနာပြ အဖြစ် ပါဝင်သင့်ကြောင်းလည်း ပြောကြားသည်။

ထရန့်က G20အထူး ထိပ်သီးအစည်းအဝေးတွင် ရှီကျင့်ဖိန် ဖော်ပြသည့် အမြင် သဘောနှင့် အဆိုပြုချက်ကို ချီးကျူးကြောင်း၊ မိမိသည် ကိုယ်တိုင်ဝင်စွက်ပြီး အမေရိကန် နှင့်တရုတ်၏ COVID-19ရောဂါ ခုခံထိန်းချုပ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ကောင်းမွန်စွာ ပြုလုပ်နိုင်အောင် သက်ဆိုင်ရာ အနှောင့်အယှက်ပြုမှုကို ပယ်ဖျက်ပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

တစ်ကမ္ဘာလုံးတွင် COVID-19ရောဂါ အတိုင်းအတာ ကြီးမားစွာ ကူးစက် ပြန့်ပွားနေသည့် လက်ရှိ အခြေအနေမျိုး၌ ရောဂါ ခုခံထိန်းချုပ်ရေး အတွက် တရုတ်နှင့် အမေရိကန်တို့ စည်းလုံးညီညွတ်ပြီး လက်တွဲကြိုးပမ်းကြခြင်းသည် ကမ္ဘာ့အပေါ် တာဝန်ယူတတ်သော သဘောထားကို ဖော်ပြခြင်း ဖြစ်ကြောင်း China Media Grouက ဖော်ပြသည်။