李悦

အမေရိကန်သည် COVID-19 ရောဂါကူးစက်ခံရသူဦးရေအများဆုံးသောနိုင်ငံဖြစ်လာ

(GMT+08:00)2020-03-28 16:12:45  

အမေရိကန်နိုင်ငံ Johns Hopkins တက္ကသိုလ်မှ နောက်ဆုံးစာရင်းအရ အမေရိကန် အရှေ့ပိုင်းဒေသစံတော်ချိန် ၂၆ ရက်နေ့ ည ၆ နာရီအထိ အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူဦးရေမှာ ၈ သောင်း ၂၄၀၄ ဦးရှိလာပြီး ကမ္ဘာတစ်ဝန်းတွင် COVID-19 ရောဂါကူးစက်ခံရသူဦးရေ အများဆုံးသော နိုင်ငံဖြစ်လာကြောင်း သိရသည်ဟု China Media Groupက ဖော်ပြပါသည်။

ယင်းစာရင်းအရ နယူးယော့ပြည်နယ်တွင် COVID-19 ရောဂါကူးစက်ခံရသူဦးရေ အများဆုံးပြီး ၃သောင်း၇၈၀၂ဦးရှိကြောင်း၊ ပြီးလျှင် နယူးကျယ်ဇီပြည်နယ်တွင် ၆၈၇၆ဦး၊ ကယ်လီဖော်နီယာပြည်နယ်တွင် ၃၈၀၂ဦးရှိကြောင်း သိရပါသည်။

图片默认标题_fororder_微信图片_20200328155200

图片默认标题_fororder_微信图片_202003281552001

图片默认标题_fororder_微信图片_202003281552002

图片默认标题_fororder_微信图片_202003281552003