李悦

COVID-19ကူးစက်ရောဂါကို တိုက်ဖျက်ရန် “စစ်ကာလစီမံကိန်း”ကို ရေးဆွဲချမှတ်ကြအောင် ဂျီ-၂၀ ထိပ်သီးခေါင်းဆောင်များအား ကုလအတွင်းရေးမှူးချုပ်က နှိုးဆော်တိုက်တွန်း

(GMT+08:00)2020-03-28 16:11:21  

၂၆ရက်နေ့က ကျင်းပခဲ့သော COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေး ဂျီ-၂၀ ထိပ်သီးခေါင်းဆောင်များ အထူးအစည်းအဝေးတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတေရက်စ်က “စစ်ကာလ စီမံကိန်း”ကို ရေးဆွဲချမှတ်ကြပြီး COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေးဆောင်ရွက်မှုများကို ပြေပြစ်ညီညွတ်စေကာ ဖွံ့ဖြိုးဆဲနိုင်ငံများကို အခက်အခဲကျော်လွှားနိုင်အောင် ကူညီပေးရန် ဂျီ-၂၀ထိပ်သီးခေါင်းဆောင်များအား နှိုးဆော်တိုက်တွန်းခဲ့ကြောင်း မိန့်ခွန်းပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။