李悦

ကမ္ဘာတစ်ဝန်း COVID-19ရောဂါ ခုခံရေးကို တရုတ် တက်ကြွစွာ ကူညီအားပေး

(GMT+08:00)2020-03-28 16:09:03  

လက်ရှိအချိန်တွင် COVID-19ရောဂါသည် တစ်ကမ္ဘာလုံး၌ အရှိန်မြင့် ကူးစက် ပြန့်ပွားနေကြောင်း၊ တရုတ်ပြည်သည် ဆာဗီးယား၊ အင်ဒိုနီးရှား၊ ပိုလန်၊ အီဂျစ်၊ လက်ဘနွန်၊ ဆီးရီးယား၊ ဆူဒန်၊ အီရတ်၊ ကူဝိတ်နှင့် ကာတာစသည့် နိုင်ငံများ၏ COVID-19ရောဂါ ခုခံရေး အတွက် ဆေးကုသမှု ပစ္စည်း ထောက်ပံ့ပေးအပ်ခြင်း၊ ဆေးကုသမှုအဖွဲ့ စေလွှတ်ခြင်းနှင့် ဆေးကုသမှု ဝန်ထမ်းများ ပါဝင်ကြသော အဝေးကနေ ရောဂါ လက္ခဏာ စစ်ဆေးအကဲဖြတ်ခြင်း စသည့် နည်းလမ်းများဖြင့် ကူညီအားပေးကြောင်း China Media Groupမှ သတင်းအရ သိရသည်။