李悦

အမေရိကန်၏ COVID-19ရောဂါ ရင်ဆိုင်ရေးတွင် အခြေအနေ ရှုပ်ထွေးမှုကို Financial Timesဝေဖန်

(GMT+08:00)2020-03-28 16:08:46  

ဒေသစံတော်ချိန် ယခုလ ၂၆ရက်နေ့က ထုတ်ပြန်ခဲ့သော ဗြိတိန် Financial Timesတွင် “ဗိုင်းရပ်စ် ရင်ဆိုင်ရေး၌ အိမ်ဖြူတော် သွက်သွက်လက်လက်မရှိဘဲ ထုံထိုင်းနေ”ဟူသော ခေါင်းစဉ်ဖြင့် ခေါင်းကြီးပိုင်း တစ်ပုဒ်ကို ထုတ်ပြန်ရာ မေလတွင် အမေရိကန်၏ COVID-19ရောဂါ အခြေအနေ အဆိုးရွားဆုံး အချိန်၌ ရောက်ရှိမည်ဟု အိမ်ဖြူတော်မှ COVID-19ဗိုင်းရပ်စ် ပညာရှင်များ ယူဆကြသော်လည်း သမ္မတ ထရန့်သည် ဧပြီလ ၁၂ရက်နေ့တွင် အမေရိကန်၌ ကုန်ထုတ်လုပ်မှု အပါအဝင် စီးပွားရေး လှုပ်ရှားမှုများကို ပြန်လည်ဆောင်ရွက်ရန် စီစဉ်ထားကြောင်း၊ ယင်းသို့ စီစဉ်မှုသည် အမေရိကန်ကို ဒုတိယ အကြိမ် COVID-19ရောဂါ ကူးစက်ပြန့်ပွားမှု အန္တရာယ်တွင် ရောက်ရှိစေနိုင်ပြီး အနာဂတ်တွင် စီးပွားရေး ဆုတ်ယုတ်ကျဆင်းမှုကို ကြုံတွေ့စေနိုင်မည် ဖြစ်ကြောင်းလည်း ရေးသားဖော်ပြသည်။

Financial Timesတွင် ယခုအကြိမ် COVID-19ရောဂါ ဖြစ်ပွားမှုသည် လွန်ခဲ့သည့် နှစ်ပေါင်း ၃-၄ဆယ်၌ အမေရိကန်၏ အစိုးရ စီမံခန့်ခွဲရေး၊ စီးပွားရေးနှင့် လူမှုရေး အာမခံပေးမှု နယ်ပယ်များမှ အားနည်းချက်များကို ပေါ်လွင်လာစေခဲ့ကြောင်း ဖော်ပြသည်။