李悦

COVID-19ရောဂါတိုက်ဖျက်ရန် တရုတ်အစိုးရမှ ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေး ပေါ်လစီများထုတ်ပြန်

(GMT+08:00)2020-03-28 16:09:23  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က COVID-19ရောဂါ ဖြစ်ပွားခဲ့သည့် နောက်ပိုင်းတွင် တရုတ်အစိုးရသည် ရောဂါကို အစွမ်းကုန် တိုက်ဖျက်လျက်ရှိကြောင်း၊ ထို့အပြင် စီးပွားရေးနှင့် အလုပ်အကိုင်နေရာ ချထားရေး တည်ငြိမ်စေရန်နှင့် ပြည်သူတို့၏ စားဝတ်နေရေးကို လက်တွေ့ထိရောက်စွာ အာမခံပေးရန် အတွက် ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးပေါ်လစီများကို ထုတ်ပြန်ကျင့်သုံးခဲ့ကြောင်း၊ ၂၆ရက်နေ့ညက COVID-19ရောဂါ ရင်ဆိုင်ဖြေရှင်းရေး G20 အထူး ထိပ်သီး အစည်းအဝေး ကို အောင်မြင်စွာကျင်းပပြီး ကမ္ဘာ့စီးပွားရေး တိုးတက်စေရန် အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀၀၀ခန့် တန်ဖိုးရှိသော စီမံကိန်းကို အတည်ပြု ပြဌာန်းခဲ့ကြောင်း ယခုလ ၂၇ရက်နေ့က ပီကင်းတွင် ပြောကြားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။