李悦

COVID-19ကူးစက်ရောဂါ ရင်ဆိုင်ဖြေရှင်းရန် နှင့် စီးပွားရေးအသက်ပြန်ဝင်ခြင်းကို အကောင်အထည်ဖော်ရန် ဂျီ-၂၀၏ ကတိပြုချက်ကို ထောက်ခံဟု WTOဒါရိုက်တာချုပ်ဆို

(GMT+08:00)2020-03-28 16:11:01  

၂၆ရက်နေ့က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ဒါရိုက်တာချုပ် အာဇယ်ဗေဒိုသည် COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေး ဂျီ-၂၀ ထိပ်သီးခေါင်းဆောင်များ အထူးအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ COVID-19ကူးစက်ရောဂါ အပြန့်အနှံ့ကူးစက်မှုကို ရင်ဆိုင်ဖြေရှင်းရန်၊ ယုံကြည်စိတ်ကို နာလန်ရရှိရန်၊ ငွေရေးကြေးရေး တည်ငြိမ်မှုကို ထိန်းသိမ်းထားရန်၊ တိုးတက်မှု ပြန်လည်ရရှိရန်နှင့် ပိုမိုအားကောင်းစွာ နာလန်ပြန်ထူစေရန် လက်တွဲကြိုးပမ်းဆောင်ရွက်ကြမည်ဟု အဓိက စီးပွားရေး အုပ်စု ၂၀တို့၏ ကတိပြုချက်ကို အားပေးထောက်ခံကြောင်း အာဇယ်ဗေဒိုက ဖော်ပြသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။