邹立莹

တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံများနှင့် သိပံ္ပပညာ သတင်းအချက်အလက်များ၊ နည်းပညာ အောင်ကျိုးရလဒ်များကို အတူ မျှဝေ

(GMT+08:00)2020-03-27 16:02:42  

တရုတ် သိပံ္ပနည်းပညာ ဝန်ကြီးဌာန ဒုဝန်ကြီး ရွှီနန်ဖိန်က၊ COVID-19 ကူးစက်ရောဂါ ဖြစ်ပွါးခဲ့သည့် နောက်ပိုင်း တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံအသီးသီးမှ သိပံ္ပနည်းပညာ လောကများနှင့် သိပံ္ပပညာ သတင်းအချက်အလက်များ၊ နည်းပညာ အောင်ကျိုးရလဒ်များနှင့် ရောဂါ ထိန်းချုပ်ကာကွယ်ရေး နည်းလမ်းများကို အချိန်မီ မျှဝေပေးခဲ့ကြောင်း ယခုလ ၂၆ ရက်နေ့က ပီကင်း၌ ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

၂၆ ရက်နေ့က ကျင်းပသော နိုင်ငံတော်ကောင်စီ သတင်းစာ ရှင်းလင်းပွဲတွင် ရွှီနန်ဖိန်က၊ တရုတ်နိုင်ငံသည် နည်းပညာ ငါးမျိုးကို တစ်ပြိုင်တည်း အသုံးပြုပြီး ကာကွယ်ဆေး သုတေသနပြု လေ့လာရေးကို တွန်းအားပေး၍ Recombinant adenovirus vector ကာကွယ်ဆေးကို မတ်လ ၁၆ ရက်နေ့တွင် လက်တွေ့ စမ်းသပ် အသုံးပြုနေခဲ့ပြီ ဖြစ်ကြောင်း ပြောကြားပါသည်။