邹立莹

G7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် သဘောတူညီမှုမရရှိခဲ့သည့်အတွက် ပူးတွဲကြေညာစာတမ်း ထုတ်ပြန်ခြင်း မရှိ

(GMT+08:00)2020-03-27 16:03:35  

ယမန်နေ့ ၂၅ ရက်နေ့က ကျင်းပခဲ့သော G7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ကမ္ဘာတစ်ဝန်း ကူးစက်ပြန့်ပွားနေသော COVID-19ရောဂါ ခုခံထိန်းချုပ်ရေးနှင့်ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့ကြကြောင်း၊ နိုင်ငံအသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများက COVID-19ရောဂါပြန့်ပွားမှု တားဆီးရန် အတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု သဘောတူကြကြောင်း China Media Groupမှ သတင်းအရသိရပါသည်။

သို့သော် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပေအိုက COVID-19ဗိုင်းရပ်စ်ကို “ဝူဟန့် ဗိုင်းရပ်စ်” အဖြစ် ခေါ်ဝေါ်ရန် အဆိုပြုသည့်အခါ အမေရိကန်နှင့် ဥရောပတို့ သဘောကွဲလွဲပြီး အစည်းအဝေးတွင် ပူးတွဲကြေညာစာတမ်းကို ထုတ်ပြန်ခြင်း မရှိကြောင်း သိရပါသည်။ ဝန်ကြီး ပွန်ပေအို၏ တစ်ဇွတ်ထိုး ထင်သလို လုပ်ဆောင်ခြင်းအပေါ် အမေရိကန် အစိုးရအရာရှိဟောင်းများနှင့် ပညာရှင်များက ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခဲ့ကြကြောင်း သိရသည်။