邹立莹

တရုတ်ပြည်သည် နိုင်ငံ ၈၉ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၄ ခုတို့အား COVID-19 ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ထောက်ပံ့ကူညီမှုပေးခဲ့ပြီ

(GMT+08:00)2020-03-27 16:00:54  

လက်ရှိအချိန်တွင် COVID-19 ရောဂါ ကမ္ဘာတစ်ဝန်းတွင် ကူးစက်ပြန့်ပွားနေ သောကြောင့် COVID-19 ရောဂါခုခံတိုက်ဖျက်ရန်အတွက် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု တွန်းအားပေးရေးသည် အလွန်အရေးကြီးနေပါသည်။ ယမန်နေ့ ၂၆ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရာရုံးမှ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ သက်ဆိုင်ရာ တာဝန်ခံပုဂ္ဂိုလ်များက COVID-19 တိုက်ဖျက်ရာတွင် တရုတ်နှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအခြေအနေကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ၄င်းတို့က စည်းလုံးညီညွတ်ပြီး အပြန်အလှန်ထောက်ပံ့ကူညီခြင်းသည် ကူးစက်ရောဂါကို တိုက်ဖျက်ရန် အားအကောင်းဆုံးသော လက်နက် ဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံတော် နိုင်ငံတကာ ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ဒုဥက္ကဋ္ဌ တိန့်ပေါချင်းက လက်ရှိအချိန်တွင် COVID-19 တိုက်ဖျက်ရေးဆိုင်ရာ တရုတ်ပြည်၏ အခြားနိုင်ငံများအား ထောက်ပံ့ကူညီမှု အခြေအနေကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ၄င်းက တရုတ်ပြည်သည် အသုတ် ၄ သုတ်ခွဲပြီး နိုင်ငံ ၈၉ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၄ ခုအား ထောက်ပံ့ကူညီမှုများ ပေးခြဲ့ပီ ဖြစ်ကြောင်း၊ ပဉ္စမအသုတ် ထောက်ပံ့ကူညီရေး အစီအစဉ်ကို ရေးဆွဲချမှတ်နေဆဲ ဖြစ်ကြောင်း ဖော်ပြပါသည်။