邹立莹

အမေရိကန် နိုင်ငံရေးသမားက တရုတ်ပြည် ကူးစက်ရောဂါ တိုက်ဖျက်ရေး ကြိုးပမ်းမှုကို ဆက်လက် ပုတ်ခတ် ပြောဆိုခြင်း၏ ရည်ရွယ်ချက် အလွန်ဆိုးယုတ်သည်ဟု ကင်စွမ် ဆို

(GMT+08:00)2020-03-27 15:54:49  

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ အမေရိကန် နိုင်ငံရေးသမားက တရုတ်ပြည် ကူးစက်ရောဂါ တိုက်ဖျက်ရေး ကြိုးပမ်းမှုကို ဇွတ်အတင်း ပုတ်ခတ် ပြောဆိုသည့် လုပ်ရပ်သည် သူများအပေါ် အပြစ်လွှဲချရန် ရည်ရွယ်ခြင်း ဖြစ်ပြီး ယင်းရည်ရွယ်ချက်သည် လွန်စွာ ဆိုးယုတ်သည်ဟု ယခုလ ၂၆ ရက်နေ့က ပီကင်း၌ ကျင်းပသော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ယခုလ ၂၅ ရက်နေ့က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပွန်ပေအိုသည် ဂျီ-၇ နိုင်ငံခြားရေးဝန်ကြီးများ ဗီဒီယို အစည်းအဝေးတွင် တရုတ်ပြည်၏ နိုင်ငံရေးစနစ်ကို ဆက်လက် ပုတ်ခတ် ပြောဆိုသည့်အပြင် COVID-19 ဗိုင်းရပ်စ်ကိုလည်း နောက်ထပ် တစ်ကြိမ် ဝူဟန့် ဗိုင်းရပ်စ် အဖြစ် ခေါ်ဝေါ်ခဲ့သည်။ ယင်းနှင့် ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာ၌ ကင်စွမ်က ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။ ကင်စွမ်က၊ ပွန်ပေအို၏ ယင်း ပြောဆိုခြင်းကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း ပြောကြားခဲ့ပါသည်။