邹立莹

COVID-19 ကူးစက်ရောဂါတိုက်ဖျက်ရေး ဂျီ-၂၀ ထိပ်သီးခေါင်းဆောင်များအထူးအစည်းအဝေးမှ အောင်ကျိုး ရလဒ်များကို မာကျောင်ရှု ပြောကြား

(GMT+08:00)2020-03-27 15:52:36  

ယခုလ ၂၆ ရက်နေ့က ဥက္ကဋ္ဌရှီကျင့်ဖိန်သည် COVID-19 ကူးစက်ရောဂါတိုက်ဖျက်ရေး ဂျီ-၂၀ ထိပ်သီးခေါင်းဆောင်များ အထူးအစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။ ထိပ်သီးအစည်းအဝေး အပြီးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး မာကျောင်ရှုသည် ထိပ်သီးအစည်းအဝေးမှ အောင်ကျိုးရလဒ်များကို ရှင်းလင်းပြောကြားပါသည်။

မာကျောင်ရှုက ဥက္ကဋ္ဌရှီကျင့်ဖိန်သည် အစည်းအဝေးသို့ တက်ရောက်ပြီး“ကူးစက်ရောဂါကို လက်တွဲတိုက်ဖျက်ပြီး ခဲရာခဲဆစ်များကို လက်တွဲကျော်လွှားခြင်း”ခေါင်းစဉ်ဖြင့် အရေးကြီးမိန့်ခွန်းပြောကြားခဲ့ရာ လူသားကံကြမ္မာတူ အသိုက်အဝန်း အတွေးအခေါ်ဖြင့် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အားသစ်လောင်းပေးရေး၊ ကမ္ဘာ့စီးပွားရေးတည်ငြိမ်စေရေးတို့နှင့်ပတ်သက်၍ အရေးကြီးအဆိုပြုချက်များ တင်ပြခဲ့သည်ဟု ပြောကြားပါသည်။

မာကျောင်ရှုက ဘက်အသီးသီးတို့ အတူကြိုးပမ်းအားထုတ်မှုဖြင့် ယခုအကြိမ် အထူးထိပ်သီးအစည်းအဝေးမှ ရရှိသော အောင်ကျိုးရလဒ်များမှာ ပထမတစ်ချက်က တူညီသောစိန်ခေါ်မှုကို ရင်ဆိုင်ရန် ဘက်အသီးသီးတို့သည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို အားသစ်လောင်းပေးရန် ကတိပြုကြောင်း၊ ဒုတိယတစ်ချက်က ဘက်အသီးသီးတို့သည် သတင်းအချက်အလက်များကို အချိန်မီ မျှဝေပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုးမှု အနည်းဆုံးသောနိုင်ငံများအတွက် ကူညီထောက်ပံ့မည့် တစ်ချိန်တည်းတွင် နိုင်ငံတကာ အများပြည်သူကျန်းမာရေးစနစ်ကို ပိုမိုကောင်းမွန် ပြည့်စုံအောင် ဆောင်ရွက်ရန် သဘောတူကြကြောင်း၊ တတိယတစ်ချက်က ဘက်အသီးသီးတို့သည် နိုင်ငံတကာ စီးပွားရေးနှင့် ငွေရေးကြေးရေးတည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ရန် ကတိပြုကြောင်း ပြောကြားပါသည်။