邹立莹

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတော် ပြည်ဝင်ပြည်ထွက်ကြီးကြပ်ရေးဌာနတို့သည် သက်တမ်း မကုန်ဆုံးသေးသော တရုတ်ဗီဇာ၊ နေထိုင်ခွင့်ပါမစ်ကိုင်ဆောင်သော နိုင်ငံခြားသားများ တရုတ်ပြည်သို့ ဝင်ရောက်ရန် ယာယီရပ်ဆိုင်းသည့်ကြေညာချက်ကို ထုတ်ပြန်

(GMT+08:00)2020-03-27 15:53:49  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊နိုင်ငံတော်ပြည်ဝင်ပြည်ထွက်ကြီးကြပ်ရေးဌာနတို့သည် သက်တမ်း မကုန်ဆုံးသေးသော တရုတ်ဗီဇာ၊ နေထိုင်ခွင့်ပါမစ် ကိုင်ဆောင်သော နိုင်ငံခြားသားများ တရုတ်ပြည်သို့ ဝင်ရောက်ရန် ယာယီရပ်ဆိုင်းသည့်ကြေညာချက်ကို ယခုလ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။

ယင်းတို့အနက် သံတမန်ရေး ဗီဇာ၊ official ဗီဇာ၊ courtesy ဗီဇာ နှင့် C ဗီဇာကိုင်ဆောင်သူများ မပါဝင်ပေ။ နိုင်ငံခြားသားများသည် တရုတ်ပြည်သို့ လာရောက်ပြီး လိုအပ်သော စီးပွားကုန်သွယ်ရေး၊ သိပ္ပံနည်းပညာနှင့် လူသားချင်းစာနာထောက်ထားရေး ဆောင်ရွက်ချက်ကို လုပ်ဆောင်လိုလျှင် နိုင်ငံခြားဆိုင်ရာ တရုတ်သံရုံးနှင့်ကောင်စစ်ဝန်ရုံး၌ ဗီဇာလျှောက်ထား၍ ရပါသည်။ ယင်းသည် တရုတ်နိုင်ငံက မျက်မှောက် ကူးစက်ရောဂါအခြေအနေကိုရင်ဆိုင်ရန် အခြားနိုင်ငံများမှ လုပ်ရပ်ကို ကိုးကားပြီး မတတ်သာဘဲ ကျင့်သုံးရသည့် ယာယီဆောင်ရွက်ချက် ဖြစ်ပါသည်။ တရုတ်နိုင်ငံ အနေနှင့် ကူးစက်ရောဂါအခြေအနေအရ အဆိုပါကြေညာချက်ကို ပြောင်းလဲပြီးထုတ်ပြန်မည်ဖြစ်သည်။