邹立莹

အမေရိကန်သည် အင်တာနက် လျှို့ဝှက်အချက်အလက်များခိုးယူမှုနှင့် ဆိုင်ဘာတိုက်ခိုက်မှုများကို ရပ်စဲရန် တရုတ်နိုင်ငံတော် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ လှုံ့ဆော်တိုက်တွန်း

(GMT+08:00)2020-03-27 15:54:17  

တရုတ်နိုင်ငံတော် ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ရင်ကိုချန်က Qihoo 360 ကုမ္ပဏီမှ သက်ဆိုင်ရာ အစီရင်ခံစာ အရ အင်တာနက်လုံခြုံရေးပြဿနာတွင် အမေရိကန်သည် တစ်ကမ္ဘာလုံးတွင် အကြီးဆုံးသော အင်တာနက် လျှို့ဝှက်အချက်အလက်များ ခိုးယူသူ ဖြစ်ခြင်းကို ထပ်မံ သက်သေပြနေကြောင်း၊ တရုတ်နိုင်ငံအား ရည်ရွယ်သည့် အမေရိကန်၏ အင်တာနက် လျှို့ဝှက်အချက်အလက်များ ခိုးယူမှုနှင့် ဆိုင်ဘာတိုက်ခိုက်မှုများကို ချက်ချင်းရပ်စဲရန် ထပ်လောင်း ပြင်းပြင်းထန်ထန် လှုံ့ဆော်တိုက်တွန်းကြောင်း ၂၆ရက်နေ့က ပီကင်း၌ ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရသိရပါသည်။