邹立莹

ကူးစက်ရောဂါဆိုင်ရာ ကမ္ဘာတစ်ဝန်းဆွေးနွေးခန်း အစီအစဉ်တွင် ပြည်တွင်းပြည်ပဆရာဝန်များ တရုတ်တိုင်းရင်းဆေးပညာဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ

(GMT+08:00)2020-03-27 16:01:23  

 ပေကျင်းစံတော်ချိန် ယခုလ ၂၆ ရက်နေ့ ည ၈ နာရီ၌ China Media Group CGTN မှ ပြုလုပ်သည့် ကူးစက်ရောဂါဆိုင်ရာ ကမ္ဘာတစ်ဝန်း ဆွေးနွေးခန်းအစီအစဉ်တွင် ပြည်တွင်းပြည်ပ ဆရာဝန်များ တရုတ်တိုင်းရင်းဆေးပညာဆိုင်ရာ ဆွေးနွေးဖလှယ်ပွဲကို ကျင်းပခဲ့ကြောင်း၊ COVID-19 ရှေ့တန်းကုသမှုတွင် ပါဝင်ခဲ့သော တရုတ်တိုင်းရင်းဆေးပညာရှင်များနှင့် ပြည်ပဆရာဝန်များသည် ဗီဒီယိုကတစ်ဆင့် ယခုအကြိမ် ကူးစက်ရောဂါတိုက်ဖျက်ရေးတွင် တရုတ်တိုင်းရင်းဆေး၏ အကျိုးသက်ရောက်မှုနှင့် ဆေးဝါးကုသရေးအတွေ့အကြုံများကို ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရပါသည်။

အိန္ဒိယ၊ ပါကစ္စတန်၊ ကနေဒါ၊ ဗြိတိန်၊ လက်ဘနွန်၊ အာဖဂန်၊ အီရန်မှ ဆရာဝန်များနှင့် တရုတ်တိုင်းရင်းဆေးပညာရှင် ၆ ဦးတို့သည် ယင်းအစီအစဉ်တွင် ပါဝင်ခဲ့ကြပါသည်။ တရုတ်ဘက်ပညာရှင်များသည် ပေကျင်း၊ ကွမ်တုန်း၊ ရှန်ဟိုင်းစသည့်ဒေသမှ လာရောက်ကြခြင်း ဖြစ်ပါသည်။ ယင်းအစီအစဉ်၏ facebookစာမျက်နှာလင်းခ်က https://www.facebook.com/ChinaGlobalTVNetwork/videos/609311022957790/?v=609311022957790 ဖြစ်ပါသည်။