邹立莹

ရှီကျင့်ဖိန်က WHO ဒါရိုက်တာချုပ်ထံသို့ စာပြန်

(GMT+08:00)2020-03-27 15:52:07  

မတ်လ ၂၆ရက်နေ့က တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ဒါရိုက်တာချုပ် Dr. TedrosAdhanomGhebreyesus ထံသို့ စာပြန်ခဲ့ရာ နိုင်ငံတကာ COVID-19 ခုခံတိုက်ဖျက်ရေးကို တွန်းအားပေးရန် Dr. TedrosAdhanomGhebreyesus ၏ ကြိုးပမ်း ဆောင်ရွက်မှုကို ချီးကျူးကြောင်း၊ တရုတ်နိုင်ငံအနေနှင့် နိုင်ငံတကာမိသားစုကြီး၏ ကူးစက်ရောဂါ တိုက်ဖျက်ရေးကို ဆက်လက် ထောက်ခံမည် ဖြစ်ကြောင်း ရေးသားခဲ့သည်ဟု China Media Group မှ သတင်းအရသိရပါသည်။

COVID-19 ဖြစ်ပွားနေချိန်တွင် လူသားများသည် အေးအတူ ပူအမျှဖြစ်သော ကံကြမ္မာ အသိုက်အဝန်း ဖြစ်ခြင်းကို ထပ်မံပြသလိုက်ကြောင်း၊ နိုင်ငံတကာမိသားစုကြီးသည် အပြန်အလှန် ကူညီထောက်ပံ့ပြီး တစ်လှေတည်းစီး တစ်ခရီးတည်းသွား ဖြစ်သင့်ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ နိုင်ငံအသီးသီးတို့နှင့်အတူ နိုင်ငံတကာ အများပြည်သူ ကျန်းမာရေး လုံခြုံမှု ထိန်းသိမ်း ကာကွယ်ရန်အတွက် ပါဝင်ဆောင်ရွက်လိုကြောင်း ရှီကျင့်ဖိန်က အလေးထား ဖော်ပြပါသည်။