邹立莹

၂၆ရက်နေ့ တရုတ်ပြည်တွင်း အသစ်တိုးလာသည့် COVID-19 ရောဂါသည် ၅၅ ဦးရှိပြီး ၄င်းတို့အနက် တစ်ဦးသည် ဒေသခံရောဂါသည် ဖြစ်သည်

(GMT+08:00)2020-03-27 16:03:09  

တရုတ်နိုင်ငံတော်ကျန်းမာရေးကော်မရှင်မှ နောက်ဆုံးရစာရင်းအရ မတ်လ၂၆ရက်နေ့ သုညနာရီမှ ည၁၂နာရီအထိ တရုတ်ပြည်တွင်းတွင် အသစ်တိုးလာသည့် COVID-19 ရောဂါသည်ဦးရေမှာ ၅၅ဦးရှိပြီး ၄င်းတို့အနက် ၅၄ ဦးသည် ပြည်ပမှဝင်လာခြင်းဖြစ်ပြီး တစ်ဦးသည် ဒေသခံရောဂါသည် ဖြစ်ကြောင်း၊ ပြည်ပမှဝင်လာသော COVID-19 ရောဂါသည် စုစုပေါင်း ၅၉၅ဦး ရှိကြောင်း သိရပါသည်။