邹立莹

ရှီကျင့်ဖိန်သည် COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေး ဂျီ-၂၀ ထိပ်သီးခေါင်းဆောင်များ အထူးအစည်းအဝေးတွင် မိန့်ခွန်း ပြောကြား

(GMT+08:00)2020-03-27 15:51:01  

图片默认标题_fororder_1

图片默认标题_fororder_2

图片默认标题_fororder_3

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၆ ရက်နေ့ညက ပီကင်း၌ COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေး ဂျီ-၂၀ ထိပ်သီးခေါင်းဆောင်များ အထူးအစည်းအဝေးသို့ တက်ရောက်ပြီး “ကူးစက်ရောဂါကို လက်တွဲ တိုက်ဖျက်ပြီး ခဲရာခဲဆစ်များကို လက်တွဲ ကျော်လွှားခြင်း” ခေါင်းစဉ်ဖြင့် အရေးကြီး မိန့်ခွန်း ပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်း အရ သိရပါသည်။

ရှီကျင့်ဖိန်က ရုတ်တရက် ဖြစ်ပွါးခဲ့သည့် COVID-19 ကူးစက်ရောဂါကို ရင်ဆိုင်လျက် တရုတ်အစိုးရနှင့်ပြည်သူများသည် ပြည်သူများ၏ အသက်လုံခြုံရေးနှင့်ကျန်းမာရေးကို ပထမ နေရာ၌ အစဉ်တစိုက်ထားပြီး၊ ယုံကြည်စိတ် ပြတ်ပြတ်သားသားရှိခြင်း၊ အေးအတူ ပူအမျှ ဖြစ်ခြင်း၊ သိပံ္ပနည်းကျကျ ထိန်းချုပ်ကာကွယ်ခြင်း၊ မူဝါဒများကို တိကျမှန်ကန်စွာ ဖေါ်ဆောင်ခြင်း၊ ရည်မှန်းချက်မူအရ ပြည်သူတစ်ရပ်လုံး ပါဝင်ခြင်း၊ ပူးတွဲ ထိန်းချုပ် ကာကွယ်ခြင်း၊ ပွင့်ပွင့်လင်းလင်း ရှိခြင်းကို စွဲကိုင်ကာ ကူးစက်ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ ပြည်သူ့တိုက်ပွဲကို ဆောင်ရွက်ခဲ့ကြောင်း၊ အခက်အခဲများ ကျော်လွှားပြီး ကြိုးပမ်း အားထုတ်ကာ ကြီးမားသည့် နစ်နာဆုံးရှုံးမှုများ ခံ၍ ယခု ပြည်တွင်း ကူးစက်ရောဂါ တိုက်ဖျက်ရေး အခြေအနေသည် ဆက်တိုက် ကောင်းမွန်လာနေပြီး ကုန်ထုတ်လုပ်မှုနှင့် နေထိုင်မှုဘဝ အခြေအနေသည် စနစ်တကျ လျင်မြန်စွာ နာလန်ပြန်ထူလာနေကြောင်း၊ တရုတ်နိုင်ငံသည် လူသားကံကြမ္မာတူ အတွေးအခေါ်ကို စွဲကိုင်ပြီး အခြားနိုင်ငံများအား တတ်နိုင်သမျှ ထောက်ပံ့ကူညီပေးလိုပါကြောင်း ပြောကြားပါသည်။

အစည်းအဝေးတွင် ရှီကျင့်ဖိန်က အဆိုပြုချက် လေးရပ်ကို တင်ပြထားပါသည်။ ယင်းတို့သည် COVID-19 ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ နိုင်ငံတကာ တိုက်ပွဲကို ပြတ်ပြတ်သားသား ထိထိရောက်ရောက် ဆောင်ရွက်ရန်၊ နိုင်ငံတကာ ပူးတွဲ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းကို ထိရောက်စွာ ဆောင်ရွက်ရန်၊ နိုင်ငံတကာ အဖွဲ့အစည်းများက အကျိုးပြုစွမ်းဆောင်ခြင်းကို တက်ကြွစွာ အားပေးထောက်ခံရန်နှင့် နိုင်ငံတကာ မက္ကရို စီးပွါးရေး ညှိနှိုင်းဆောင်ရွက်မှုကို တွန်းအားပေးရန်တို့ ဖြစ်ပါသည်။

 ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံများ၊ ဧည့်နိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များ၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၊ ကုလသမဂ္ဂ၊ ကမ္ဘာ့ငွေကြေး ရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ် အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များသည် ယခုအကြိမ် အစည်းအဝေးသို့ တက်ရောက် ခဲ့ကြပါသည်။

အစည်းအဝေးတွင် COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေး ဂျီ-၂၀ ထိပ်သီး ခေါင်းဆောင်များ အထူးအစည်းအဝေး ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပါသည်။   

ဆော်ဒီအရေးဗျ နိုင်ငံက ယခုအကြိမ် အစည်းအဝေးကို ဦးစီး ကျင်းပခဲ့ပါသည်။ အစည်းအဝေးကို ဗီဒီယို အသွင်ပုံစံဖြင့် ကျင်းပခြင်း ဖြစ်ပြီး ရည်ရွယ်ချက်မှာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ပြီး ကူးစက်ရောဂါ ရင်ဆိုင်ဖြေရှင်းခြင်းကို တွန်းအားပေးရန်နှင့် နိုင်ငံတကာ စီးပွါးရေးကို တည်ငြိမ်စေရန် ဖြစ်ကြောင်း သတင်း ရရှိပါသည်။