邹立莹

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ထောက်ပံ့သော ဒုတိယအသုတ် ဆေးပစ္စည်းကိရိယာများ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်

(GMT+08:00)2020-03-27 15:56:58  

图片默认标题_fororder_WechatIMG12

图片默认标题_fororder_90849243_1750283065113779_7106899946812473344_o

图片默认标题_fororder_91181623_1750282921780460_3487430766231552000_o

图片默认标题_fororder_91078120_1750282881780464_9041039770217611264_o

图片默认标题_fororder_91461198_1750283018447117_2654288307164282880_o

图片默认标题_fororder_91209533_1750283105113775_1368222532913594368_o

ဒေသစံတော်ချိန် မတ်လ ၂၆ ရက်နေ့ ည ၁၁ နာရီကျော်တွင် မြန်မာနိုင်ငံ၏ COVID-19 ကူးစက်ရောဂါ ထိန်းချုပ်ကုသရေးကို အထောက် အကူပြုသည့်အနေနှင့် တရုတ်အစိုးရမှ မြန်မာနိုင်ငံအား ထောက်ပံ့ပေးပို့သော တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးဝတ်စုံ (PPE) ၅၀၀၀၊ N95 နှာခေါင်းစည်း ၅၀၀၀နှင့် တစ်ခါသုံးနှာခေါင်းစည်း၂သိန်းတို့ ပါဝင်သော စုစုပေါင်းတန်ချိန်၂.၄၅ တန်ရှိသည့် ဆေးဘက်သုံးပစ္စည်းများသည် လေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Haiသည် မြန်မာနိုင်ငံအစိုးရ ကိုယ်စားလှယ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းထံသို့ အဆိုပါ ဆေးပစ္စည်းများကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းက ယခုအကြိမ် ပေးပို့သော ဆေးပစ္စည်းများသည် တရုတ်အစိုးရက မြန်မာအစိုးရအား ထောက်ပံ့ ပေးပို့သော ဒုတိယအသုတ် ဆေးပစ္စည်းများဖြစ်ကြောင်း၊ မကြာခင်ရက်များက တရုတ်အစိုးရသည် မြန်မာနိုင်ငံအား testing kits ၂၀၀၀ ကျော် နဲ့ နှာခေါင်းစည်းများကိုလည်း လှူဒါန်းပေးအပ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုကို များစွာ ကျေးဇူးတင်ပါကြောင်း၊ တရုတ်နိုင်ငံသည် မိမိပြည်တွင်း၏ ရောဂါကူးစက်မှုကို အောင်မြင်စွာ ထိန်းချုပ်နိုင်သည့်အတွက် တရုတ်ပြည်၏ အောင်မြင်သော အတွေ့အကြုံများကို အတုယူ လေ့လာမည် ဖြစ်ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Haiက တရုတ်ပြည်၌ COVID-19 ကူးစက်ရောဂါ ထိန်းချုပ်သည့်အချိန်တွင် မြန်မာအစိုးရ အပါအဝင် အလွှာပေါင်းစုံတို့သည် အကူအညီ များစွာပေးခဲ့ကြောင်း၊ ယခုအချိန်တွင် တရုတ်အစိုးရသည် မြန်မာနိုင်ငံ၏ COVID-19 ကူးစက်ရောဂါ ထိန်းချုပ်ကုသရေးကို အထောက်အကူပြုသည့်အနေနှင့် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ယင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံ အေးအတူ ပူအမျှ ကံကြမ္မာအသိုက်အဝန်းကို ပြသခြင်းဖြစ်ကြောင်း ပြောကြားသည်။