辛甜

“တရုတ် ဗိုင်းရပ်စ်” ကို အသုံး မပြုတော့ဘူးလို့ ထရန့် ဆို

(GMT+08:00)2020-03-26 14:05:56  

မကြာခင်က အမေရိကန် သမ္မတ ထရန့်က သတင်းထောက်နဲ့ တွေ့ဆုံရာမှာ၊  “တရုတ် ဗိုင်းရပ်စ်” ကို အသုံး မပြုတော့ဘူးလို့ မိမိ ဆုံးဖြတ်ပြီ ဖြစ်ကြောင်း ပြောကြားခဲ့တယ်။

ဒါနဲ့ ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ တရုတ်ပြည်အား မဟုတ်မမှန် ပုတ်ခတ် ပြောဆိုခြင်းကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊ အမေရိကန် အနေနဲ့ တရုတ်ပြည်နဲ့ နိုင်ငံတကာ မိသားစုကြီးနဲ့အတူ COVID-19 ကူးစက်ရောဂါ စိန်ခေါ်မှုကို လက်တွဲ ရင်ဆိုင် ဖြေရှင်းနိုင်ဖို့၊ နိုင်ငံတကာ အများပြည်သူ ကျန်းမာရေး လုံခြုံမှုကို ထိန်းသိမ်းကာကွယ်ဖို့ မျှော်လင့်ကြောင်း ၂၅ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တယ်လို့ China Media Groupမှ သတင်းအရ သိရပါတယ်။