辛甜

၂၅ ရက်နေ့ တရုတ်ပြည်တွင်း အသစ်တိုးလာသည့် COVID-19 ရောဂါသည် ၆၇ဦး ရှိပြီး အားလုံးပြည်ပမှဝင်လာခြင်းဖြစ်သည်

(GMT+08:00)2020-03-26 14:02:57  

တရုတ်နိုင်ငံတော်ကျန်းမာရေးကော်မရှင်မှ နောက်ဆုံးရစာရင်းအရ မတ်လ၂၅ ရက်နေ့ သုညနာရီမှ ည ၁၂ နာရီအထိ တရုတ်ပြည်တွင်းတွင် အသစ်တိုးလာသည့် COVID-19 ရောဂါသည်ဦးရေမှာ ၆၇ ဦးရှိပြီး အားလုံး ပြည်ပမှဝင်လာခြင်းဖြစ်ကြောင်း၊ ပြည်ပမှဝင်လာသော COVID-19 ရောဂါသည် စုစုပေါင်း ၅၄၁ ဦး ရှိသည်ဟု သိရပါသည်။