辛甜

ဝူဟန်မြို့တွင် ဘတ်စ်ကားလိုင်း ၁၀၀ ကျော် ပြန်လည် လည်ပတ်

(GMT+08:00)2020-03-26 14:41:42  

အခြားပြည်နယ်မှ ဟူပေပြည်နယ် သို့မဟုတ် ဝူဟန်မြို့သို့ လာရောက်သူများအနေနှင့် သွားလာမှု အဆင်ပြေစေရန်နှင့် အလုပ်ပြန်လည်လုပ်ဆောင်သူများ မြို့တွင်း လမ်းပန်းဆက်သွယ်ရေး ပြဿနာ ဖြေရှင်းရန်အတွက် ဝူဟန်မြို့တွင် ဘတ်စ်ကားလိုင်း ၁၁၇ လိုင်းကို မတ်လ၂၅ရက်နေ့မှစ၍ ပြန်လည် လည်ပတ်ပြီး မြေအောက်ရထားလိုင်း ၆ လိုင်းကိုလည်း မတ်လ ၂၈ ရက်နေ့မှစ၍ ပြန်လည် လည်ပတ်မည် ဖြစ်ပါသည်။

ဝူဟန်မြို့ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူက ခရီးသည် များသည် ဘတ်စ်ကားနှင့် မြေအောက်ရထားစီးသည့်အချိန်တွင် နှာခေါင်းစည်းကို စည်းထားကြရမည်ဖြစ်ပြီး အပူချိန်ကို စနစ်တကျ တိုင်းတာကာ လုံခြုံမှု စီမံခန့်ခွဲရေးအရ အမည်အရင်းဖြင့် မှတ်ပုံတင်၍ ကုတ်နံပါတ်ကို စကန်းဖတ်ပြီး စီးရမည်ဖြစ်ကြောင်း၊ အန္တရာယ်ကို အတတ်နိုင်ဆုံး လျှော့ချရန်အတွက် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများနှင့် ခရီးထွက်ရန် မလိုအပ်သူများအား ဘတ်စကား မြေအောက်ရထားကို ယခုတလော မစီးကြရန် ပန်ကြားထားကြောင်း ပြောကြားပါသည်။