辛甜

တရုတ်နိုင်ငံမှ ကမ္ဘာ့ဒေသအရပ်ရပ်သို့ ဆေးကုသရေးပစ္စည်းများ ထောက်ပံ့ ကူညီ

(GMT+08:00)2020-03-26 14:27:36  

图片默认标题_fororder_1

ဗိုင်းရပ်စ်သည် နယ်စည်းမခြား ဖြစ်ကြောင်း၊ နိုင်ငံတကာတွင် ကူးစက်ရောဂါ အခြေအနေ ပြင်းထန်ဆိုးရွားနေချိန်၌      တရုတ်နိုင်ငံသည် လူသား ကံကြမ္မာ အသိုက်အဝန်း အတွေးအခေါ်ကို တစ်လျှောက်လုံး စွဲကိုင်ပြီး ပြည်ပနိုင်ငံများအား ထောက်ပံ့ကူညီမှုများကို လျင်မြန်စွာဆောင်ရွက်ကာ နိုင်ငံကြီးတစ်နိုင်ငံ၏ တာဝန် ဝတ္တရားများကို ထမ်းဆောင်နေခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ဒေသစံတော်ချိန်၂၄ရက်နေ့ နံနက်ပိုင်းက ဟန်ဂေရီနိုင်ငံက တရုတ်နိုင်ငံကနေ ဝယ်ယူသော ဆေးကုသရေးပစ္စည်း တစ်သုတ်သည် ဘူဒါပက် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံထံမှ ဝယ်ယူသော COVID-19 ကုသရေးဆေးဝါးများကို ဆေးဝါးကုသရေးလေယာဉ်ဖြင့် အန်ကာရာ မြို့တော်မှ တူရကီရှိ မြို့ ၄၀သို့ ပို့ဆောင်ခဲ့သည်ဟု တူရကီ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း၊ ဒေသစံတော်ချိန် ၂၄ရက်နေ့က အာဖရိကသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး လျူယွိရှီးသည် အာဖရိက လူမှုရေးကော်မတီဝင် အာမီရာနှင့် တွေ့ဆုံပြီး နှစ်ဦးနှစ်ဖက် တို့သည် တရုတ်အစိုးရမှ အာဖရိကအား ထောက်ပံ့ကူညီပေးသော ဒုတိယအသုတ် COVID-19 တိုင်းတာဆေး လွှဲပြောင်းပေးအပ်ရေး စာတမ်းကို ချုပ်ဆိုခဲ့ကြောင်း၊ ဒေသစံတော်ချိန် ၂၃ရက်နေ့က မော်ရိုကို တော်ဝင် လေကြောင်းကုမ္ပဏီမှ ကုန်တင်လေယာဉ်တစ်စင်းသည် တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်မှ မော်ကိုရိုအား ထောက်ပံ့ကူညီပေးသော ဆေးကုသရေး ပစ္စည်းများကို Casablancaသို့  ပို့ဆောင်ခဲ့ကြောင်း သတင်းအရ သိရပါသည်။