辛甜

နိုင်ငံခြားကုမ္ပဏီများက တရုတ်နိုင်ငံ၌ ဆေးကုပစ္စည်းဝယ်ယူမှု အဆင်ပြေစေရေးအတွက် အတတ်နိုင်ဆုံး ပံ့ပိုးမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2020-03-26 14:42:34  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူကင်စွမ်က လက်ရှိအချိန်တွင် တရုတ်နိုင်ငံသည် ပြည်တွင်းလိုအပ်မှုကို ဖြည့်ဆည်းနေသည့်တစ်ချိန်တည်းတွင် နိုင်ငံခြားကုမ္ပဏီများ တရုတ်နိုင်ငံ၌ ဆေးကုပစ္စည်းဝယ်ယူမှု အဆင်ပြေစေရန် အတတ်နိုင်ဆုံး ပံ့ပိုးမည်ဖြစ်ကြောင်း၊ နိုင်ငံအသီးသီးမှ ကုမ္ပဏီများသည် တရုတ်ကုမ္ပဏီများနှင့် ဝယ်ယူရေးစာချုပ် ချုပ်ဆိုပြီဖြစ်ပြီး တိုင်းတာဆေး၊ နှာခေါင်းစည်း၊ အကာအင်္ကျီ၊ အကာမျက်မှန်တို့ အဓိက ပါဝင်ကြောင်း ယခုလ ၂၅ ရက်နေ့က ပေကျင်း၌ ပြောကြားပါသည်။