辛甜

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပထမဆုံးအကြိမ် ဂျီ-၂၀ ထိပ်သီးခေါင်းဆောင်များ ဗီဒီယို အစည်းအဝေးသို့ တက်ရောက်မည်

(GMT+08:00)2020-03-26 14:44:46  

      ယခုလ ၂၅ ရက်နေ့က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး မာကျော်ရှုသည် သတင်းထောက်များနှင့် တွေ့ဆုံရာတွင် တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၆ ရက်နေ့တွင် ကျင်းပမည့် COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ဂျီ-၂၀ ထိပ်သီးခေါင်းဆောင်များ အထူး အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း၊ ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံများ၊ ဧည့်နိုင်ငံများနှင့် သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များသည် အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း၊ ယင်းသည် ပထမဆုံးအကြိမ် ဂျီ-၂၀ ထိပ်သီးခေါင်းဆောင်များ ဗီဒီယို အစည်းအဝေး ဖြစ်ကြောင်း ပြောကြားပါသည်။

    မာကျော်ရှုက၊ ယခုအကြိမ် အစည်းအဝေးတွင် သွေးစည်းညီညွတ်မှုကို တွန်းအားပေးနိုင်ရန်၊ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးနိုင်ရန်နှင့် ညှိနှိုင်း ဆောင်ရွက်မှုကို တွန်းအားပေးနိုင်ရန် တရုတ်ပြည်ဘက်က မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံသည် ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံများနှင့် လက်တွဲကြိုးပမ်းပြီး ယခုအကြိမ် ထိပ်သီး ခေါင်းဆောင်များ အထူးအစည်းအဝေးတွင် အောင်ကျိုးရလဒ်များ ရရှိနိုင်ရန် တွန်းအား ပေးမည် ဖြစ်ကြောင်း ပြောကြားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။