辛甜

ရှီကျင့်ဖိန်သည် ဂျာမဏီ ဝန်ကြီးချုပ်နှင့် တယ်လီဖုန်း ဆက်သွယ်

(GMT+08:00)2020-03-26 14:06:39  

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၅ ရက်နေ့ညက ဂျာမဏီ ဝန်ကြီးချုပ် မာကယ်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။       

ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ တရုတ်နိုင်ငံသည် ဂျာမဏီ၏ ကူးစက်ရောဂါ တိုက်ဖျက်ခြင်းကို ပြတ်ပြတ်သားသား အားပေးထောက်ခံပြီး တတ်နိုင်သမျှ ဆက်လက် အကူအညီ ပေးလိုပါကြောင်း၊  တရုတ်နိုင်ငံသည် ဂျာမဏီနိုင်ငံနှင့် ကူးစက်ရောဂါ ထိန်းချုပ် ကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာ အတွေ့အကြုံများကို မျှဝေပေးလိုပြီး ကာကွယ်ဆေးနှင့် ဆေးဝါး သုတေသနပြု လေ့လာရေး နယ်ပယ်မှ ပူးပေါင်း ဆောင်ရွက်မှုကို တွန်းအားပေးလို ပါကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် မာကယ်က၊ ယခု ဥရောပ၌ ကူးစက်ရောဂါ အခြေအနေ ပြင်းထန် ဆိုးဝါးပြီး ဂျာမဏီနိုင်ငံသည် ပြတ်ပြတ်သားသား ဖြစ်သည့် ထိန်းချုပ်ကာကွယ်ရေး ဆောင်ရွက်မှုများကို ပြုလုပ်နေကြောင်း၊ ဂျာမဏီနိုင်ငံသည် တရုတ်နိုင်ငံမှ ပံ့ပိုးသော တန်ဖိုးရှိသည့် အချိန်မီ ထောက်ပံ့ကူညီမှုကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါသည်။