辛甜

ကူးစက်ရောဂါ ထိန်းချုပ်တာ တုံ့ဆိုင်းနှေးကွေးတာကြောင့် အမေရိကန် နိုင်ငံရေး လောကမှာ အငြင်းအခုံများ အကြိတ်အနယ် ဖြစ်ပွါးနေ

(GMT+08:00)2020-03-26 14:46:51  

图片默认标题_fororder_1

အမေရိကန်မှာ COVID-19 ဆက်တိုက် ကူးစက်ပျံ့နှံ့နေတာနဲ့အမျှ အမေရိကန် နိုင်ငံရေး လောကမှာလည်း အငြင်းအခုံများ အကြိတ်အနယ် ဖြစ်ပွါးနေတယ်။ အမေရိကန် ပြည်နယ် အသီးသီးမှ ပြည်နယ်မှူးများက တွစ်တာမှာ အမေရိကန် အစိုးရနဲ့ ခေါင်းဆောင်များဟာ ကူးစက်ရောဂါ ထိန်းချုပ်ရေးမှာ တာဝန်ပျက်ကွက်တယ်လို့ ပြစ်တင်ခဲ့ကြတယ်။

 Illinois ပြည်နယ်မှူး Jay Robert Pritzker က အစိုးရရဲ့ ပြင်ဆင်မှု ပြည့်ပြည့်စုံစုံ မရှိခြင်းနဲ့ ဆောင်ရွက်မှု တုံ့ဆိုင်းနှေးကွေးတာကြောင့် မတ်လမှာ ကူးစက်ရောဂါ ပြင်းပြင်းထန်ထန် ဖြစ်ပွါးစေခဲ့တာ ဖြစ်တယ်လို့ ပြစ်တင်ခဲ့တယ်။

ဒါနဲ့ ပတ်သက်ပြီး အမေရိကန် ထိပ်သီးခေါင်းဆောင်က ကိုယ့်အပြစ်ကို အစိုးရ အပေါ် မလွှဲချသင့်ဘူးလို့ ၂၃ ရက်နေ့က တွစ်တာမှာ ရေးသား ဖေါ်ပြခဲ့တယ်။

Chicago မြို့တော်ဝန် Lori Lightfoot က၊ သတင်းအတုအတွက် ရှင် ပြစ်တင်ညည်းတွားနေတဲ့အခါ COVID-19 ဟာ အမေရိကန် တစ်နိုင်ငံလုံးကို ဖုံးလွှမ်း ထားပြီ။ Pritzker နဲ့ တစ်ခြားလူတွေဟာ နိုင်ငံတော် ခေါင်းဆောင်ရဲ့ ကွက်လပ်နေရာကို ဖြည့်စွက်ထားကြပြီ။ ခေါင်းဆောင် မလုပ်ချင်ဘူးဆိုရင် ခေါင်းဆောင်နေရာကို ဖယ်ပေးပါလို့ တွစ်တာပေါ်မှာ တိုက်တွန်းထားတယ်။

ကူးစက်ရောဂါ ဖြစ်ပွါးချိန်မှာ ရွေးကောက်ပွဲအတွက် မဲဆွယ်မှုများကို အွန်လိုင်းမှာ အကြိတ်အနယ် ပြုလုပ်နေတယ်။ သမ္မတ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်မယ့် ဒီမိုကရက်တစ်ပါတီဝင်များက သမ္မတထရန့်က ကူးစက်ရောဂါ ထိန်းချုပ်တာ တွင်ကျယ်ထိရောက်မှု မရှိတာကြောင့် အမေရိကန်မှာ ကျန်းမာရေးနဲ့ စီးပွါးရေး အကျပ်အတည်း ဆိုးဝါးလာတာ ဖြစ်တယ်လို့ အသီးသီး ပြစ်တင်ခဲ့ကြတယ်။

ယခင် ဒုသမ္မတ ဖြစ်သူ ဒီမိုကရက်တစ်ပါတီမှ Joe Biden က၊ ထောက်လှမ်းရေး ဌာနဟာ ဇန်နဝါရီလကပဲ ကူးစက်ရောဂါဆိုင်ရာ သတိပေးချက် ထုတ်ပြန်ခဲ့ပြီ။ ဒါပေမယ့် အစိုးရက “ကူးစက်ရောဂါကို ထိန်းချုပ်နေဆဲ ဖြစ်တယ်”၊ “အောင်မြင်စွာ ထိန်းချုပ်ထားပြီ” စတာတွေ ဆိုပြီး အလေးမထားဘဲ နေနေတယ်။ အစိုးရဟာ ရောဂါ မပျံ့နှံ့အောင် အမြန်ဆုံး ဟန့်တားတာ မဟုတ်ဘဲ ကိုရိုနာ ဗိုင်းရပ်စ်ကို တုပ်ကွေးနဲ့ နှိုင်းယှဉ်ပြီးထား၍ ပြည်သူ လူထုများ အထင်မှားသွားအောင် လုပ်ဆောင်တယ်လို့ ၂၃ ရက်နေ့က ဗီဒီယိုမှာ ပြစ်တင် ပြောဆိုခဲ့တယ်။

ဒါ့အပြင် Joe Biden က အမေရိကန် သမ္မတက တရုတ်ဗိုင်းရပ်စ် ဆိုတာကို အသုံးပြုပြီး လူမျိုး ခွဲခြား အထင်သေးမှုနဲ့ ရန်ငြိုးထားမှုကို သွေးထိုးလှုံ့ဆော်တယ်လို့လည်း တွစ်တာမှာ ပြစ်တင်ထားကြောင်း China Media Group CGTN မှ သတင်းအရ သိရပါတယ်။