辛甜

အာရှနိုင်ငံများတွင် COVID-19 ခုခံထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်မှုများကို အားဖြည့်

(GMT+08:00)2020-03-26 14:08:26  

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နောက်ဆုံးရစာရင်းအရ ဥရောပအလယ်ပိုင်း ဒေသစံတော်ချိန် မတ်လ ၂၄ ရက်နေ့ ည ၆ နာရီအထိ ကမ္ဘာ့နိုင်ငံနှင့်ဒေသ ၁၉၅ ခုတွင် COVID-19 ကူးစက်ခံရသူဦးရေမှာ ၃၇၅၄၉၈ ဦး ရှိလာပြီဖြစ်ပြီး သေဆုံးသူဦးရေ ၁၆၃၆၂ ဦး ရှိပြီဖြစ်ကြောင်း သိရပါသည်။ အာရှနိုင်ငံများသည် COVID-19 ဆက်မပြန့်ပွားစေရန် ဆောင်ရွက်မှုများကို အားဖြည့်နေကြကြောင်း China Media Groupမှ သတင်းအရသိရပါသည်။

အိန္ဒိယဝန်ကြီးချုပ်မိုဒီက ၂၄ ရက်နေ့ညက ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်း ပြောကြားခဲ့ရာတွင် ၂၅ ရက်နေ့ ည ၁၂ နာရီမှစ၍ ၂၁ ရက်ကြာ ပိတ်ထားမည် ဖြစ်ကြောင်းကြေညာခဲ့ပါသည်။

COIVD-19 ကူးစက်ရောဂါ ခုခံထိန်းချုပ်ရန်အတွက် အီရန်၊ ကာတာ၊ စင်ကာပူနှင့် မွန်ဂိုလီးယား စသည့် အာရှနိုင်ငံများသည်လည်း ပြည်တွင်းအခြေအနေအရ သက်ဆိုင်ရာဆောင်ရွက်မှုများကို အားဖြည့်ပြုလုပ်နေကြကြောင်း သတင်းရရှိပါသည်။