辛甜

“တရုတ် ထုတ်ကုန် ဗိုင်းရပ်စ် ရှိတယ်”လို့ မဟုတ်မမှန် သတင်းဖြန့်တာ သိပ်ရယ်ဖို့ ကောင်းတယ်

(GMT+08:00)2020-03-26 14:33:08  

အမေရိကန် နိုင်ငံရေးသမား တစ်ချို့က မသမာသော ရည်ရွယ်ချက်နဲ့ COVID-19 ဗိုင်းရပ်စ်ကို “တရုတ်ဗိုင်းရပ်စ်”၊ “ဝူဟန့် ဗိုင်းရပ်စ်” အဖြစ် ခေါ်ဝေါ်နေတယ်၊ အနောက်နိုင်ငံမှ လူအချို့ကလည်း လိုက်ပြီးတော့ “တရုတ် ထုတ်ကုန် ဗိုင်းရပ်စ် ပါတယ်” ဆိုတဲ့ မဟုတ်မမှန် သတင်းတွေကို ဖြန့်နေတယ်၊ ရည်ရွယ်ချက်ကတော့ တရုတ် ထုတ်ကုန်ပစ္စည်းများကို ဖီဆန်ဖို့ သွေးထိုးလှုံ့ဆော်ရန်ပဲ ဖြစ်တယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က၊  COVID-19 ဗိုင်းရပ်စ်ဟာ တရုတ် ထုတ်ကုန်ကတစ်ဆင့် ကူးစက်နိုင်မှာ မဟုတ်သလို ကူးစက်ရောဂါသည်များ ရှိတဲ့နိုင်ငံတွေမှ ထုတ်ကုန်များ ကတစ်ဆင့် ကူးစက်နိုင်မှာလည်း မဟုတ်ဘူးလို့ စောစောစီးစီး ကတည်းကပဲ ရှင်းလင်း ပြတ်သားစွာ ဖေါ်ပြခဲ့ပြီးပါပြီ။ မကြာခင်က ထုတ်ဝေတဲ့ The New England Journal of Medicine မဂ္ဂဇင်းမှာလည်း၊ COVID-19 ဗိုင်းရပ်စ်ဟာ မတူတဲ့ ဝတ္ထုပစ္စည်းပေါ်မှာ တည်ရှိနိုင်တဲ့ အချိန် မတူဘူး၊ ပလတ်စတစ်နဲ့ သံမဏိပေါ်မှာ တည်ရှိနိုင်တဲ့အချိန် အရှည်ဆုံး ဖြစ်တယ်၊ ဒါပေမယ့် အရှည်ဆုံးဆိုတာလည်း ၇၂ နာရီသာ ဖြစ်တယ်လို့ လေ့လာချက် ရလဒ်ကို ဖေါ်ပြထားပါတယ်။ ဆိုလိုတာက လိုအပ်တဲ့ ပိုးသတ်မှုများ ပြုလုပ်ပါက ဝတ္တုပစ္စည်းကတစ်ဆင့် ဗိုင်းရပ်စ်ကို ပျံ့နှံ့နိုင်မှာ မဟုတ်ဘူး။

အခု တစ်ကမ္ဘာလုံးမှာ နိုင်ငံနဲ့ ဒေသ ၁၈၀ ကျော်မှာ ကူးစက်ရောဂါ ဖြစ်ပွါးနေတယ်။ ဒါနဲ့ “တရုတ် ထုတ်ကုန် ဗိုင်းရပ်စ် ပျံ့နှံ့နိုင်တယ်”လို့ သတင်းဖြန့်နေသူတွေ ပြောချင်တာက တစ်ကမ္ဘာလုံးမှ ကုန်ပစ္စည်း အားလုံး ဗိုင်းရပ်စ် ပျံ့နှံ့နေတာလား။

တကယ်ဆိုတော့ အမေရိကန် နိုင်ငံရေးသမား တစ်ချို့က “တရုတ် ထုတ်ကုန် ဗိုင်းရပ်စ်” ဆိုတာကို ဝါဒဖြန့် သတင်းဖြန့်တဲ့ ရည်ရွယ်ချက်ဟာ ကူးစက်ရောဂါကို အကြောင်းပြပြီး သူတို့ရဲ့ တစ်ဖက်သတ်ဝါဒနဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ဖီလာဆန့်ကျင်ရေး အယူဝါဒများ ဖေါ်ဆောင်ဖို့၊ တရုတ်နဲ့ နိုင်ငံတကာ ဆက်ဆံမှုကို ကုန်းချော ဖျက်ဆီးဖို့၊ တရုတ်ပြည်နဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ဟန့်တားဖို့ပဲ ဖြစ်တယ် ဆိုတာ ထင်ရှား သိသာ ပါတယ်။

ကူးစက်ရောဂါကို ရင်ဆိုင်လျက် ပူးပေါင်းဆောင်ရွက်ဖို့ဟာ လူသားများရဲ့ တစ်ခုတည်းသော ရွေးချယ်ဖွယ်ရာ ဖြစ်တယ်။ အထက်ပါ “ဗိုင်းရပ်စ်” ပါတဲ့ အမြင်နဲ့ ကမ္ဘာကြီးကို ကြည့်နေသူတွေ ဖန်တီးကြတဲ့ အသိပညာ ခေါင်းပါးတဲ့ စကားတွေဟာ သိပ်ရယ်ဖို့ ကောင်းတယ်လို့ China Media Groupမှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါတယ်။