辛甜

ပြည်တွင်း COVID-19 ကူးစက်ရောဂါ ထိန်းချုပ်မှု ချောင်လည်အောင် ဆောင်ရွက်ရန် ထရန့်၏ စီမံကိန်းကို အမေရိကန် အလွှာပေါင်းစုံတို့ ပြင်းပြင်းထန်ထန် ကန့်ကွက်

(GMT+08:00)2020-03-26 14:16:19  

ဒေသစံတော်ချိန် ၂၄ ရက်နေ့ နေ့လယ်ပိုင်းက အမေရိကန် သမ္မတ ထရန့်က FOX သတင်းဌာန၏ အင်တာဗျူး တစ်ခုတွင် ပြည်တွင်း COVID-19 ကူးစက်ရောဂါ ထိန်းချုပ်မှု ချောင်လည်အောင် ဆောင်ရွက်ရန် မိမိ စဉ်းစားနေကြောင်း၊ ဧပြီလအလယ်ပိုင်း မတိုင်မီတွင် အမေရိကန်နိုင်ငံ အိုးပင်း ဖြစ်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့ပါသည်။ အမေရိကန် အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များက ယင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်ဆီပယ်လိုစီက ထရန့်သည် သိပံ္ပပညာရှင်များ၏ အကြံပေးချက်ကို နားထောင်သင့်ကြောင်း ဖော်ပြပါသည်။ သမ္မတ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အမေရိကန် ဒီမိုကရက်တစ်ပါတီမှ ဘိုင်ဒင်က ထရန့်သည် နှုတ်ပိတ်ပြီး ဆေးပညာရှင်များ၏ စကားကို နားထောင်သင့်ကြောင်း ပြောကြားပါသည်။