辛甜

အိုလံပစ်အားကစားပြိုင်ပွဲကို တစ်နှစ် ရွှေ့ဆိုင်းမည်

(GMT+08:00)2020-03-26 14:17:52  

တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲနှင့် မသန်စွမ်းသူများ အိုလံပစ်အားကစားပြိုင်ပွဲကို တစ်နှစ်ရွှေ့ဆိုင်းသည့် အကြောင်းရင်းသည် တိုကျိုအိုလံပစ်စည်းရုံးရေးကော်မတီက COVID-19 ပြီးဆုံးပြီးမှ ကျင်းပရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ဒေသစံတော်ချိန် ၂၄ရက်နေ့က ကမ္ဘာ့ အိုလံပစ်ကော်မတီက COVID-19 ရောဂါသည်ဦးရေ အပြင်းအထန် တိုးများလာသောကြောင့် တိုကျိုအိုလံပစ် စည်းရုံးရေးကော်မတီ၊ ဂျပန်အစိုးရ၊ တိုကျိုအစိုးရနှင့် ဆွေးနွေးပြီးနောက် တိုကျိုအိုလံပစ် အားကစားပွဲတော်ကို ၂၀၂၁ ခုနှစ် နွေရာသီသို့ ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ရွှေ့ဆိုင်းသော်လည်း အိုလံပစ်အားကစားပွဲတော်၏ အမည်ကို“၂၀၂၀ပြည့်နှစ် တိုကျို အိုလံပစ် အားကစားပြိုင်ပွဲနှင့် မသန်စွမ်းသူများ အိုလံပစ် အားကစားပြိုင်ပွဲ” အဖြစ် ဆက်လက် အသုံးပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။