宋冉

ကူးစက်ရောဂါဆိုင်ရာ ကမ္ဘာတစ်ဝန်းဆွေးနွေးခန်းအစီအစဉ်ကို CGTN မှပြုလုပ်၊ ပြည်တွင်းပြည်ပဆရာဝန်များ အွန်လိုင်းကနေတစ်ဆင့် ဆွေးနွေးဖလှယ်

(GMT+08:00)2020-03-25 15:54:48  

ယခုလ ၂၁ ရက်နေ့က China Media Group CGTN ရုပ်မြင်သံကြားဌာနက ပြုလုပ်သည့် ကူးစက်ရောဂါဆိုင်ရာ ကမ္ဘာတစ်ဝန်းဆွေးနွေးခန်းအထူးအစီအစဉ်တွင် ထူးခြားသည့် ၃ ပွင့်ဆိုင် ဗီဒီယိုအစည်းအဝေးကို ကျင်းပခဲ့ပါသည်။ ၀ူဟန့်ကို သွားရောက် ကူညီထောက်ပံ့ခဲ့သည့်  ပေကျင်း ရှယ်ဟိုဆေးရုံမှ ဆရာဝန်များနှင့် အမေရိကန် Princeton ဆေးဝါးကုသရေး စင်တာမှ ဆရာဝန်များသည် COVID-19 ဆေးကုသနည်း၊ ရှေ့တန်း ဆေးဝန်ထမ်းများအတွက် ဖိအား လျှော့ချပေးရေး၊ စိတ်ဖိစီးမှု လျှော့ချပေးရေး စသည်တို့နှင့် ပတ်သက်၍ ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။ ခုချိန်အထိ ၄င်းအထူးအစီအစဉ်ကို နယူးမီဒီယာပလက်ဖေါင်းတွင် ဖတ်ရှုမှုပမာဏမှာ ၃၃၁.၅ သိန်းရှိပြီး ဗီဒီယိုကြည့်ရှုမှု ပမာဏမှာ ၉၂.၃ သိန်းရှိသည်ဟု သိရပါသည်။