宋冉

ကိုယ့်အပြစ်ကို တရုတ်ပြည် အပေါ် လွှဲချရန် ကြံဆမှု အောင်နိုင်မှာ မဟုတ်ဘူးလို့ မြင်တော့ အမေရိကန်က ကုန်းချောတဲ့ နည်းလမ်း ပြောင်းသုံးတယ်

(GMT+08:00)2020-03-25 15:52:50  

မကြာခင်က အမေရိကန် The Daily Beast မှာ သတင်း တစ်ခုကို ဖေါ်ပြထားတယ်၊ အမေရိကန် အစိုးရက အစိုးရ အရာရှိများ အနေနဲ့ မီဒီယာနဲ့ တွေ့ဆုံရာမှာ တရုတ်ပြည်က ကူးစက်ရောဂါ အခြေအနေကို ဖုံးကွယ်ပြီး တစ်ကမ္ဘာလုံးမှာ ရောဂါ ကူးစက်စေတာ ဖြစ်တယ်လို့ တစ်ညီတစ်ညွတ်တည်း ပြစ်တင် ပြောဆိုရမယ်လို့ တောင်းဆိုထားတယ်တဲ့။ အဲဒီ လုပ်ရပ်ဟာ နိုင်ငံတကာမိသားစုကြီးမှ အပြတ်အသတ် ပြစ်တင်ရှုတ်ချမှု ခံခဲ့ရတယ်။ ကိုယ့်အပြစ်ကို တရုတ်ပြည် အပေါ် လွှဲချရန် ကြံဆမှု အောင်နိုင်မှာ မဟုတ်ဘူးလို့ မြင်တော့ အမေရိကန်က ကုန်းချောတဲ့ နည်းလမ်းကို ပြောင်းသုံးတယ်လို့ သတင်း ရရှိပါတယ်။

တရုတ်နိုင်ငံဟာ ပြည်တွင်း ကူးစက်ရောဂါကို အစွမ်းကုန် တိုက်ဖျက်နေတဲ့ တစ်ချိန်တည်းမှာ အခက်အခဲများ ကျော်လွှားပြီး တစ်ခြားနိုင်ငံများကိုလည်း အချိန်မီ ထောက်ပံ့ ကူညီပေးနေကာ နိုင်ငံတကာ မိသားစုကြီးမှ ချီးကျူးမှုကို ရရှိခဲ့ပါတယ်။ အီတလီ ပြည်သူများက လူမှုကွန်ရက်များကတစ်ဆင့် တရုတ်ပြည်ရဲ့ အကူအညီကို ကျေးဇူး တင်ရှိကြောင်း အသီးသီး ဖေါ်ပြခဲ့ကြပါတယ်။ ဒါပေမယ့် မကြာခင်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပွန်ပေအိုက ဖို့က်စ် ရုပ်မြင်သံကြားဌာနမှ သတင်းထောက်နဲ့ တွေ့ဆုံ ရာမှာ တရုတ်နဲ့ အီတလီ ဆက်ဆံမှုနဲ့ နှစ်နိုင်ငံ ပြည်သူများရဲ့ ချစ်ကြည်မှုကို တမင် ကုန်းချော ပြောဆိုခဲ့တယ်။ အိမ်ဖြူတော် ကုန်သွယ်ရေး ကော်မတီ ဥက္ကဋ္ဌ နာဗာရို ကလည်း တရုတ်နိုင်ငံက ကယ်ဆယ်ရေးပစ္စည်း ထောက်ပံ့ကူညီတဲ့ အသွင်ပုံစံနဲ့ ဝါဒဖြန့်နေတယ်လို့ ပုတ်ခတ် ပြောဆိုခဲ့တယ်။ ဒါ့အပြင် နယူးယောက် တိုင်းမ်စ် သတင်းစာမှာလည်း ဆောင်းပါး ရေးသားပြီး ကူးစက်ရောဂါ ဖြစ်ပွါးချိန်မှာ တရုတ်ပြည်က တစ်ခြားနိုင်ငံများအား ထောက်ပံ့ ကူညီမှုပေးတာဟာ မသမာသော ရည်ရွယ်ချက်ရှိတယ်လို့ အလွန်အမင်း ဝေဖန်ထား ပါတယ်။

အမေရိကန်ဟာ တရုတ်ပြည်ကို ရည်ရွယ်ပြီး အကြိမ်ကြိမ် မဟုတ်မမှန် ပုတ်ခတ် ပြောဆိုခဲ့တဲ့အပြင် မသမာသော ရည်ရွယ်ချက်နဲ့ သွေးထိုး ကုန်းချောမှုများကိုလည်း ပြုလုပ် နေတယ်။ အမေရိကန်ဟာ နိုင်ငံတကာ စာနာထောက်ထားမှု အကျင့်တရား ကင်းမဲ့တဲ့ အပြင် နိုင်ငံကြီးတစ်နိုင်ငံ အဖြစ်နဲ့ နိုင်ငံတကာအပေါ် ထမ်းဆောင်သင့်တဲ့ တာဝန် ဝတ္တရားကိုလည်း မထမ်းဆောင်ဘူးလို့ သိရပါတယ်။ ပြောင်းပြန်ပြီးတော့ တရုတ်ပြည်က တစ်ခြားနိုင်ငံများအား ထောက်ပံ့ကူညီမှု အပေါ် ဟိုပြောဒီပြော ပြစ်တင်လိုက်တယ်။ အဲဒီလို အလွန်အကျွံ ကိုယ်ကျိုးဖက်တဲ့ စိတ်နေစိတ်ထားဟာ “အမေရိကန်ကိုပဲ ဦးစားပေးရခြင်း” မူဝါဒကို ပေါ်လွင်စေတဲ့အပြင် နိုင်ငံတကာ ကူးစက်ရောဂါ တိုက်ဖျက်ရေးကိုလည်း ပြင်းပြင်းထန်ထန် အနှောင့်အယှက် ဖြစ်စေတယ်လို့ China Media Groupမှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါတယ်။