邹立莹

ထရန့်၏ တရုတ်ပြည်အား အပြစ်တင် ပြောဆိုခြင်းသည် အဖြစ်မှန်နှင့် မကိုက်ညီဟု အိမ်ဖြူတော် ကူးစက်ရောဂါ ပါရဂူ ဆို

(GMT+08:00)2020-03-24 15:43:01  

图片默认标题_fororder_4

图片默认标题_fororder_5

图片默认标题_fororder_6

အမေရိကန် နိုင်ငံတော် အလာဂျီနဲ့ ကူးစက်ရောဂါ သုတေသနဌာန ဥက္ကဋ္ဌ၊ အိမ်ဖြူတော် ကူးစက်ရောဂါဆိုင်ရာ အတိုင်ပင်ခံ ပါရဂူ Anthony Fauci က မကြာခင်က အမေရိကန် သိပံ္ပပညာ မဂ္ဂဇင်းမှ သတင်းထောက်နဲ့ တွေ့ဆုံရာမှာ၊ ထရန့်က COVID-19 ကို တရုတ်ဗိုင်းရပ်စ် အဖြစ် ပြောဆိုတဲ့ လုပ်ရပ်ကို ကျွန်တော် သဘောမတူဘူး၊ ကျွန်တော်က ဒီလို ပြောမှာ မဟုတ်ဘူး၊ ဘယ်တော့မှလည်း ဒီလို ပြောမှာမဟုတ်ဘူးလို့ ပြောကြားခဲ့တယ်။

Anthony Fauci က၊ သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ တရုတ်နိုင်ငံ အနေနဲ့ ၃လ ၄လ ကြိုတင်ပြီး အမေရိကန်ကို COVID-19 ကူးစက်ရောဂါအခြေအနေကို ပြောပြသင့်တယ်လို့ ထရန့်က ပြောဆိုခဲ့တယ်၊ အဲဒါဟာ အဖြစ်မှန်နဲ့ မကိုက်ညီဘူး၊ အကြောင်းကတော့ တရုတ်ပြည်မှာ ကူးစက်ရောဂါ မဖြစ်ပွါးခင် ၂လ ၃လ အချိန်ဆိုရင် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလပဲ ဖြစ်တယ်လို့လည်း ပြောဆိုကြောင်း ဂလိုဘယ်တိုင်းမ်စ် သတင်းစာမှ သတင်းအရ သိရပါတယ်။