邹立莹

COVID-19 ကူးစက်ရောဂါကို တိုက်ဖျက်ရန် တရုတ်အစိုးရသည် ကမ္ဘောဒီးယားသို့ ဆေးကုသရေးအဖွဲ့ စေလွှတ်

(GMT+08:00)2020-03-24 15:36:14  

ယခုလ ၂၃ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူကင်စွမ်က ကမ္ဘောဒီးယားနိုင်ငံအား COVID-19 ကူးစက်ရောဂါကို ရင်ဆိုင်ဖြေရှင်းရန် ထောက်ပံ့ကူညီသည့်အနေဖြင့် တရုတ်အစိုးရသည် ကမ္ဘောဒီးယားသို့ ဆေးကုသရေးပညာရှင်များအဖွဲ့ကို စေလွှတ်မည်ဖြစ်ကြောင်း၊ ပညာရှင်အဖွဲ့ကို နိုင်ငံတော်ကျန်းမာရေးကော်မရှင်မှ ဖွဲ့စည်းပေးခြင်း ဖြစ်ပြီး ကွမ်ရှီး ကျွမ့် လူမျိုး ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသမှ ရွေးချယ်စေလွှတ်ခြင်းဖြစ်ကာ ယခုလ ၂၃ ရက်နေ့က ခရီးထွက်ခွာသွားပြီဖြစ်ကြောင်း ကြေညာပါသည်။