邹立莹

အမေရိကန် နိုင်ငံရေးသမားများရဲ့ တာဝန်ပျက်ကွက်မှုကပဲ ဥရောပနဲ့ အမေရိကန်မှာ COVID-19 ကူးစက်ပျံ့နှံ့တဲ့ အကြောင်းရင်း ဖြစ်တယ်

(GMT+08:00)2020-03-24 15:48:13  

图片默认标题_fororder_9

图片默认标题_fororder_10

图片默认标题_fororder_11

图片默认标题_fororder_12

အမေရိကန်မှာ COVID-19 ရောဂါ ပြင်းထန်ဆိုးဝါးစွာ ကူးစက်ပျံ့နှံ့နေပြီး အမေရိကန်က ကိုယ့်အပြစ်ကို တရုတ်ပြည် အပေါ် လွှဲချဖို့ ကြံစည်နိုင်ဖို့ ဆောင်ရွက်တဲ့ အခါ ဒီလ ၂၀ ရက်နေ့က သြစတြေးလျ ဝန်ကြီးချုပ် မော်ရစ်စွန်က မီဒီယာနဲ့ တွေ့ဆုံရာမှာ COVID-19 ရောဂါသည် အများစုကြီးက အမေရိကန်က လာတာ ဖြစ်တယ်လို့ တိုက်ရိုက် ဖေါ်ပြခဲ့တယ်။ ၂၀ ရက်နေ့ညက စပြီး သြစတြေးလျဟာ နိုင်ငံခြားသားအားလုံး ပြည်ဝင်ဖို့ ပိတ်ပင်ထားပါတယ်။

အမေရိကန်က တခြားနိုင်ငံများသို့ ဘေးအန္တရာယ်များ ဘယ်လို ဆောင်ကြဉ်းလာ သလဲ ဆိုတာကို သုံးသပ်ကြရအောင်ပါ။ ဖေဖေါ်ဝါရီလ တစ်လလုံးအတွင်း အမေရိကန်မှာ အားကောင်းတဲ့ ကူးစက်ရောဂါ ထိန်းချုပ်ရေး ဆောင်ရွက်မှု မရှိဘူးလို့ ဆိုနိုင်ပါတယ်။ အမေရိကန် The Atlantic Monthly မှာ အမေရိကန်ခေါင်းဆောင်ရဲ့ ပြဿနာ ဖြေရှင်းဖို့ အဓိက နည်းလမ်းဟာ ပြဿနာ တည်ရှိနေခြင်းကို ငြင်းဆိုတာပဲ ဖြစ်တယ်၊ အဲဒါဟာ နိုင်ငံရေးဆိုင်ရာ အကျိုး ရရှိပေမယ့် အများပြည်သူ ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းကို ပိုမို ပြင်းထန်လာစေတယ်လို့ သုံးသပ်ထားပါတယ်။

ကူးစက်ရောဂါ အခြေအနေ ပြင်းထန်လာတာနဲ့အမျှ ပြည်သူပြည်သားများရဲ့ မကျေမနပ် ဖြစ်မှုဟာလည်း ပြင်းထန်လာပြီး အမေရိကန်အစိုးရဟာ မတ်လ ၁၃ ရက်နေ့မှာ နိုင်ငံတော် အရေးပေါ် အခြေအနေကို ကြေညာခဲ့ကာ ကူးစက်ရောဂါ ထိန်းချုပ်ရေး ဆောင်ရွက်မှုများ ပြုလုပ်မယ်လို့ ကတိပြုခဲ့တယ်။ ဒါပေမယ့် ကတိပြုချက်တွေကို စုံစုံလင်လင် လက်တွေ့ ဖေါ်ဆောင်ခြင်းတော့ မရှိပါဘူး။ အမေရိကန် မီဒီယာမှ သတင်းအရ၊ အမေရိကန်မှာ ရောဂါ ရှိ မရှိကို စစ်ဆေးတိုင်းတာမှု မခံရတဲ့ COVID-19 ရောဂါသည် ဦးရေဟာ လက်ရှိ ထုတ်ပြန်တဲ့ ရောဂါသည် ဦးရေရဲ့ ၁၁ ဆ ရှိနိုင်ပါတယ်။ ရောဂါသည် တော်တော်များများက ဆေးရုံမှာ ရောဂါကုသဖို့ အကြာကြီး တန်းစီ စောင့်ရသေးတယ်လို့ သိရပါတယ်။

ဒီလို ဖြစ်ပေမယ့် အခု အမေရိကန် အစိုးရဟာ ဒေသ တော်တော်များများမှာ ကူးစက် ရောဂါ အခြေအနေ မပြင်းထန်ဘူးလို့ ပြောနေသေးတယ်။ တစ်ချိန်တည်းမှာ ကိုယ့်အပြစ်ကို တရုတ်ပြည်အပေါ် လွှဲချဖို့ ကြံစည်နေတယ်။ အမေရိကန် The Daily Beast ဝက်ဘဆိုက်မှ သတင်းအရ၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနထံသို့ ပေးပို့တဲ့ သဝဏ်လွှာ တစ်စောင်ထဲမှာ အမေရိကန် အရာရှိ အားလုံး တရုတ်ပြည် အပေါ် အပြစ်လွှဲချဖို့ တစ်ညီတစ်ညွတ်တည်း လုပ်ဆောင်ရမယ်လို့ ရေးသားထားကြောင်း China Media Groupမှ သတင်းအရ သိရပါတယ်။