邹立莹

အွန်လိုင်းမှ လုပ်ငန်းများ ခေါ်ယူပြီး အလုပ်နေရာ ၂ သိန်း ၁ သောင်းကျော် ပံ့ပိုးပေးနိုင်ခဲ့ပြီ

(GMT+08:00)2020-03-24 15:38:14  

图片默认标题_fororder_1

China Media Group အပါအဝင် လုပ်ငန်းဌာနများတို့ ပူးတွဲဦးစီးကျင်းပသော အကြီးစားအွန်လိုင်း လုပ်ငန်းများ ခေါ်ယူခြင်း လှုပ်ရှားမှုသည် ရက် ၂၀ ကျော်အတွင်း ဗဟိုလုပ်ငန်းကုမ္ပဏီ၊ အကြီးစား နိုင်ငံတော်ပိုင်ကုမ္ပဏီ၊ နာမည်ကျော်အရပ်ဘက် ကုမ္ပဏီနှင့် လူမှုအဖွဲ့အစည်း စုစုပေါင်း ၃၂၀၀ နီးပါးကို ဆွဲဆောင်နိုင်ခဲ့ပြီး ယခုနှစ် ဘွဲ့ရတက္ကသိုလ်ကျောင်းသားများအတွက် အလုပ်နေရာ ၂ သိန်း ၁ သောင်းကျော် ပံ့ပိုးပေး နိုင်ခဲ့ပါပြီ။

ကူးစက်ရောဂါ ဖြစ်ပွားနေသည့်အချိန်အတွင်း လုပ်ငန်းကုမ္ပဏီများ လုပ်အားချို့တဲ့မှုနှင့် အလုပ်ရှာ သူများ အလုပ်ရှာဖွေရန် ခက်ခဲနေမှုကို ရည်ရွယ်ပြီး China Media Group Yang Shi Pin အက်ပလီကေးရှင်းသည် လုပ်ငန်းများ ခေါ်ယူခြင်း လှုပ်ရှားမှုကို ကျင်းပခဲ့ပါသည်။ အလုပ်ရှာသူများသည် Yang Shi Pin အက်ပလီကေးရှင်းမှ တစ်ဆင့် Live ထုတ်လွှင့်သော လုပ်ငန်းများခေါ်ယူခြင်း ဗီဒီယိုကို ကြည့်ရှုပြီး အလုပ်အကိုင် အခွင့်အလမ်းကို ရှာကြံကြပါသည်။ ၄င်းအင်တာနက်စာမျက်နှာကို  ဖတ်ရှုမှုပမာဏမှာ ၁၈၅.၆ သိန်းရှိပြီး အလုပ်ရှာသူ၏ ကိုယ်ရေးအကျဉ်းချုပ် စုစုပေါင်း ၇ သိန်း ၅ သောင်းကျော် ရရှိခဲ့သည်ဟု သိရပါသည်။