邹立莹

ထရန့်အစိုးရသည် လွန်ခဲ့သည့် နှစ်နှစ်တုန်းက နိုင်ငံတကာ ကူးစက်ရောဂါ ကာကွယ်ရေး အဖွဲ့ကို ဖျက်သိမ်းခဲ့ခြင်းကြောင့် ယခု ကူးစက်ရောဂါ ထိန်းချုပ်မှု တုံ့ဆိုင်းနှောင့်နှေးစေ သည်ဟု ရိုက်စ် ဆို

(GMT+08:00)2020-03-23 14:27:32  

图片默认标题_fororder_1

 အမေရိကန် ယခင် နိုင်ငံတော် လုံခြုံရေး အတိုင်ပင်ခံ အရာရှိ ရိုက်စ်က မကြာမီက အမေရိကန် CNN ၏ တယ်လီဖုန်း အင်တာဗျူး အစီအစဉ် တစ်ခုတွင်၊ ထရန့်အစိုးရသည် လွန်ခဲ့သည့် နှစ်နှစ်တုန်းက နိုင်ငံတကာ ကူးစက်ရောဂါ ကာကွယ်ရေး အဖွဲ့ကို ဖျက်သိမ်းခဲ့ခြင်းကြောင့် ယခု ကူးစက်ရောဂါ ထိန်းချုပ်မှု တုံ့ဆိုင်းနှောင့်နှေး စေသည်ဟု ပြစ်တင် ပြောဆိုခဲ့ကြောင်း ဗြိတိန်နိုင်ငံ The Independent သတင်းစာမှ ၂၂ ရက်နေ့က သတင်းတွင် ရေးသား ဖေါ်ပြထားပါသည်။

ရိုက်စ်က၊ မိမိတို့အဖွဲ့သည် သမ္မတရာထူး ထမ်းဆောင်တော့မည့် ထရန့်နှင့် အစိုးရ အရာရှိများအား ဖြစ်နိုင်ဖွယ်ရာ ကူးစက်ရောဂါ အန္တရာယ်ကို ရှင်းလင်း ပြောကြားခဲ့ဖူးကြောင်းလည်း ပြောဆိုပါသည်။