邹立莹

COVID-19 ကူးစက်ရောဂါ မဖြစ်ပွါးခင်က အမေရိကန် လွှတ်တော် အမတ်များစွာတို့သည် ကူးစက်ရောဂါ အခြေအနေကို ဖုံးကွယ်ပြီး ကိုယ်ကျိုးစီးပွါးအတွက် အစုရှယ်ယာ အမြောက်အမြား ထုတ်ရောင်း

(GMT+08:00)2020-03-23 14:24:25  

图片默认标题_fororder_1

图片默认标题_fororder_2

မကြာခင်က အမေရိကန် အစုရှယ်ယာများ တစ်ရှိန်ထိုး ကျဆင်းခဲ့ချိန်တွင် အမေရိကန် North Carolina ပြည်နယ်၊ California ပြည်နယ်၊ Oklahoma ပြည်နယ်၊ Georgiaပြည်နယ်မှ အထက်လွှတ်တော် အမတ်များစွာတို့သည် ကိုယ်ပိုင် အစုရှယ်ယာ များကို ဘေးကင်းအောင် ကြိုတင် ထုတ်ရောင်းခဲ့သည်ဟု မကြာခင်က အမေရိကန်မီဒီယာ များတွင် ဖေါ်ပြထားပါသည်။

Richard Burr သည် ၄င်းတို့အနက် တစ်ဦး အပါအဝင် ဖြစ်သည်။ အမေရိကန် North Carolina ပြည်နယ်မှ ရီပတ်ပလစ်ကင်ပါတီ အထက်လွှတ်တော် အမတ် Richard Burr နှင့် ဇနီးတို့သည် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့တွင် စုစုပေါင်း တန်ဖိုး အမေရိကန်ဒေါ်လာ ၆ သိန်း ၂ သောင်း ၈ ထောင်မှ ၁၇ သိန်း အထိ ရှိသည့် အစုရှယ်ယာ ၃၃ ခုကို ထုတ်ရောင်းခဲ့သည်။ ၂၇ ရက်နေ့ ကျမှ အစုရှယ်ယာများ ထုတ်ရောင်းခြင်း လုပ်ရပ်ကို အစီရင်ခံခဲ့ခြင်း ဖြစ်သည်။

Richard Burr သည် အထက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဖြစ်သည့်အပြင် အထက်လွှတ်တော် ကျန်းမာရေး ကော်မတီဝင်လည်း ဖြစ်ပြီး အထက် လွှတ်တော်မှ COVID-19 ကူးစက်ရောဂါဆိုင်ရာ အစီရင်ခံစာကို အချိန်မှန် ကြားနာနေခဲ့သူ ဖြစ်သည်။ Richard Burr သည် အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ရေး အစီအစဉ် ရေးဆွဲခြင်းတွင်လည်း ပါဝင်ခဲ့သည်။ သို့သော် ဖေါ်ဖေါ်ဝါရီလမှစ၍ အများပြည်သူအား သတိပေးချက် ထုတ်ပြန်ခြင်း မရှိဘဲ ပြောင်းပြန်ပြီး အမေရိကန်၏ ကူးစက်ရောဂါ တုံ့ပြန် ဆောင်ရွက်ရန် ပြင်ဆင်မှုသည် ယခင် မည်သည့်အချိန်တုန်းကထက် မဆို ပိုကောင်းသည်ဟု ဖေါ်ပြခဲ့ကြောင်း စီစီတီဗီမှ သတင်းအရ သိရပါသည်။