邹立莹

တရုတ်ဆရာဝန်များက အသွင်ပုံစံ မျိုးစုံနဲ့ နိုင်ငံတကာ ကူးစက်ရောဂါ တိုက်ဖျက်ရေးမှာ ပါဝင်ဆောင်ရွက်နေ

(GMT+08:00)2020-03-23 14:20:06  

图片默认标题_fororder_1

图片默认标题_fororder_2

图片默认标题_fororder_3

图片默认标题_fororder_4

အခု COVID-19 ကူးစက်ရောဂါဟာ နိုင်ငံများစွာမှာ ပြင်းထန်ဆိုးဝါးစွာ ဖြစ်ပွါး နေတယ်။ တရုတ်ပြည်တွင်း ကူးစက်ရောဂါ တိုက်ဖျက်မှုမှာ ပါဝင်ဖူးတဲ့ ဆရာဝန်များဟာ တစ်ချို့က ကူးစက်ရောဂါ ဖြစ်ပွါးနေတဲ့ နိုင်ငံသို့ သွားရောက်ပြီး ထောက်ပံ့ကူညီ ပေးနေတယ်၊ တစ်ချို့က အွန်လိုင်း ဗီဒီယိုများကတစ်ဆင့် နိုင်ငံခြားဆရာဝန်များနဲ့ အတွေ့အကြုံများကို မျှဝေ ပေးနေတယ်လို့ China Media Groupမှ သတင်းအရ သိရပါတယ်။

မတ်လ ၁၉ ရက်နေ့မှာ နာမည်ကြီး academician ဖြစ်သူ ကျုံးနန်စမ်းနဲ့ လီလန်ကျွမ်း စတဲ့ ပါရဂူများဟာ နိုင်ငံတကာ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး အတွေ့အကြုံများ ကူးလူးဖလှယ်ရေး အွန်လိုင်း အစည်းအဝေးမှာ တရုတ်ပြည်ရဲ့ အတွေ့အကြုံများကို ဘက်စုံ ရှင်းလင်းပြောကြားခဲ့ပါတယ်။ လေးကြိမ်တိုင်တိုင် ကျင်းပခဲ့တဲ့ တရုတ်-ဥရောပ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်း ဗီဒီယို အစည်းအဝေးများမှာလည်း တရုတ်နိုင်ငံက COVID-19 ကူးစက်မှု ရောဂါ လက္ခဏာများ၊ ထိန်းချုပ်ရေး နည်းလမ်းများနဲ့ ကုသရေး အတွေ့အကြုံများကို ဥရောပနိုင်ငံများနဲ့ မျှဝေပေးခဲ့ပါတယ်။

တရုတ်ပြည်မှ စေလွှတ်တဲ့ ဆေးပညာရှင်များအဖွဲ့ဟာ ဆာဗီးယား၊ အီရန်၊ အီရတ်၊ အီတလီ စတဲ့နိုင်ငံများသို့ သွားရောက်ပြီး ဒေသခံ ကူးစက်ရောဂါ ကုသရေးမှာ ပါဝင် ဆောင်ရွက်နေကြပါတယ်။

သက်ဆိုင်ရာစာရင်းအရ တရုတ်နိုင်ငံဟာ နိုင်ငံ ၈၂ နိုင်ငံ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အာဖရိကသမဂ္ဂအား ထောက်ပံ့ကူညီဖို့ ကြေညာထားပြီ ဖြစ်ပြီး ထောက်ပံ့ကူညီရေး ပစ္စည်း အစိတ်အပိုင်းများကို သက်ဆိုင်ရာနိုင်ငံများသို့ ပို့ဆောင်ခဲ့ပြီလို့ သတင်း ရရှိပါတယ်။