邹立莹

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက တရုတ်ပြည်မှ ကူညီထောက်ပံ့မှုကို ကျေးဇူးတင်

(GMT+08:00)2020-03-23 14:15:47  

图片默认标题_fororder_1

图片默认标题_fororder_2

图片默认标题_fororder_3

ယခုလ ၂၁ ရက်နေ့က တရုတ်နိုင်ငံမှ ကူညီထောက်ပံ့ပေးသော ဆေးဝါးကုသရေးပစ္စည်းတစ်သုတ်သည် ဖိလစ်ပိုင်နိုင်ငံ မနီလာ မြို့တော်သို့ ပို့ဆောင်ခဲ့ကြောင်း၊ ယင်းဆေးဝါးကုသရေးပစ္စည်းများတွင် COVID-19 ဗိုင်းရပ်စ် တိုင်းတာဆေး ၁သိန်း၊ ဆေးဘက်သုံး နှာခေါင်းစည်း ၁သိန်းနှင့် ဆေးဘက်သုံး အကာအင်္ကျီ ၁သောင်း ပါဝင်ပြီး စင်းလုံးငှားလေယာဉ်ဖြင့် ဖိလစ်ပိုင်သို့ ပို့ဆောင်ခြင်း ဖြစ်ကြောင်း သတင်း ရရှိပါသည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လိုချင်က တရုတ်နိုင်ငံမှ ကူညီထောက်ပံ့ခြင်းသည် ကမ္ဘာ့နိုင်ငံများအအတွက် အတုယူရန် စံနမူနာကောင်း တစ်ရပ် ထူပြနေကြောင်း၊ COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရာတွင် နိုင်ငံအချင်းချင်း အပြစ်တင်ခြင်း မပြုသင့်ဘဲ အပြန်အလှန် ကူညီသင့်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။