邹立莹

တရုတ်နိုင်ငံ၏ ကူးစက်ရောဂါ တိုက်ဖျက်ရေးကို ပုတ်ခတ် ပြောဆိုခြင်းကို ပြတ်ပြတ်သားသား ကန့်ကွက်သည်ဟု ဝမ်ယိဆို

(GMT+08:00)2020-03-23 14:26:05  

图片默认标题_fororder_1

图片默认标题_fororder_2

图片默认标题_fororder_3

မကြာမီက အမေရိကန် သမ္မတ ထရန့်သည် လူမှုကွန်ရက်နှင့် လူများသည့် နေရာများ၌ လူမျိုး ခွဲခြား အထင်သေးမှုဆိုင်ရာ ဝေါဟာရ ဖြစ်သည့် “တရုတ် ဗိုင်းရပ်စ်” ဖြင့် “ကိုရိုနာဗိုင်းရပ်စ်” ကို အကြိမ်ကြိမ် ပြောင်ပြောင်တင်းတင်း အစားထိုး အသုံးပြုခဲ့သည်။ အမေရိကန် မီဒီယာများက၊ အမေရိကန်၌ COVID-19 ကူးစက်ခံရသူ ဦးရေ တိုးလာသည်နှင့်အမျှ ထရန့်သည် ကိုယ့်အပြစ်ကို တရုတ်ပြည် အပေါ် လွှဲချရန် ကြံဆ နေသည်ဟု ဖေါ်ပြထားပါသည်။ အမေရိကန် ဒီမိုကရက်တစ်ပါတီမှ ပုဂ္ဂိုလ်များ၊ ရုရှား သမ္မတ ပူတင်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တာဝန်ခံပုဂ္ဂိုလ်များ စသည့် အမေရိကန် ပြည်တွင်းပြည်ပမှ ပုဂ္ဂိုလ်များသည် ထရန့်၏ ယင်းလုပ်ရပ်ကို အသီးသီး ချေပခဲ့ကြသည်။

ယခုလ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ရုရှား နိုင်ငံခြားရေး ဝန်ကြီး၊ အင်ဒိုနီးရှား စည်းရုံးညှိနှိုင်းရေး ဝန်ကြီးဌာန ဝန်ကြီး၊ နယ်သာလန် နိုင်ငံခြားရေး ဝန်ကြီး၊ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး၊ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးများနှင့် အသီးသီး တယ်လီဖုန်း ဆက်သွယ်ခဲ့ပါသည်။ ဝမ်ယိက တရုတ်နိုင်ငံ၏ ကူးစက်ရောဂါ တိုက်ဖျက်ရေးကို ပုတ်ခတ် ပြောဆိုခြင်းကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ပြောကြားသည်ဟု စီစီတီဗီမှ သတင်းအရ သိရပါသည်။