邹立莹

ဆာဗီးယားနိုင်ငံတော်ခေါင်းဆောင်များသည် တရုတ်ဆေးဝါးကုသရေးအဖွဲ့ကို ကြိုဆို

(GMT+08:00)2020-03-23 14:22:13  

图片默认标题_fororder_1

图片默认标题_fororder_2

图片默认标题_fororder_3

ဒေသစံတော်ချိန် ၂၁ ရက်နေ့ ည ၇ နာရီခွဲတွင် ဆာဗီးယားကို ကူညီထောက်ပံ့သော ပညာရှင် ၆ ဦးဖြင့် ဖွဲ့စည်းထားသည့် တရုတ်ဆေးဝါးကုသရေးအဖွဲ့သည် ဆာဗီးယား ဘဲလ်ဂရိတ် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိပြီး ဆာဗီးယားနိုင်ငံသမ္မတ ဝူစစ်ခ်ျ၊ ကျန်းမာရေးဝန်ကြီး၊ နိုင်ငံတော် ကာကွယ်ရေးဝန်ကြီး စသည့် အစိုးရခေါင်းဆောင်များသည် သွားရောက်ကြိုဆိုခဲ့ပါသည်။

သမ္မတ ဝူစစ်ခ်ျက တရုတ်ဆေးဝါးကုသရေးအဖွဲ့မှ ပညာရှင်များလာရောက်ခြင်းသည် ဆာဗီးယား ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အရေးကြီးသောအဓိပ္ပါယ်ပါရှိပြီး တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၊ တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူများကို ကျေးဇူးတင်ရှိကြောင်း၊ ဆာဗီးယားနိုင်ငံ အခက်အခဲများ ကြုံတွေ့နေချိန်တွင် တရုတ်နိုင်ငံသည် မိတ်ဆွေအနေနှင့် အမြဲ ကူညီထောက်ပံ့သည့်အတွက် ဆာဗီးယား မေ့မည်မဟုတ်ကြောင်း ပြောကြားပါသည်။